သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မွန်ဂိုလီးယားရောက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဧပြီလ ၁၇ ရက်၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဧပြီလ ၁၇ ရက်၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီ နိုင်ငံများ အသိုင်းအဝိုင်းအဖွဲ့ရဲ့ (၇) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံကို တက်ရောက်ဖို့ မွန်ဂိုလီးယားနိုင်ငံမှာ ရောက်ရှိနေပါတယ်။ နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံ့အကြီးအကဲတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ လူထုခေါင်းတောင်တွေနဲ့ အစိုးရတွေ လူထုအခြေပြု အဖွဲ့အစည်းတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေပါဝင်တဲ့ ဒီညီလာခံကို ဧပြီလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ Ulaanbaatar မြို့တော်မှာကျင်းပတာပါ။

ဒီမိုကရေစီအတွက် လွတ်လပ်ပွင့်လင်းတဲ့ အုပ်ချုပ်မှုကို ကိုင်တွယ်မှု၊ ဒီမိုကရေစီနည်းလမ်းကျ အကူးအပြောင်းကို ထောက်ခံမှုလို အကြောင်းအရာတွေကို ဆွေးနွေးကြမှာဖြစ်တဲ့အပြင် အမျိုးသမီးအရေး၊ လွှတ်တော်အရေး၊ လူထုအခြေပြု အဖွဲ့အစည်းတွေအရေး၊ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ လူငယ်တွေနဲ့သက်ဆိုင်တဲ့ နှီးနှောဖလှယ်ပွဲတွေလည်း ကျင်းပသွားမှာပါ။

ဒီညီလာခံကို လူထုအခြေပြုအဖွဲ့အစည်းနဲ့ ဒီမိုကရေစီထွန်းသစ်စနိုင်ငံများ ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ Tomicah Tillemann လည်းတက်ရောက်မှာဖြစ်ပြီး သူက ဒီမိုကရေစီထွန်းသစ်စနိုင်ငံများ အပါအဝင် အကြောင်းအရာ အများအပြားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဆွေးနွေးပွဲတခုမှာလည်း အတူ ဝင်ရောက်ဆွေးနွေးမှာပါ။ မစ္စတာ Tillemann ဟာ ဧပြီလ ၃၀ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG