သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ထိုင်းခရီးစဉ် အဆုံးသတ်


ဇွန်လ ၂၃ ရက်နေ့ကတည်းက ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဒီကနေ့ အဆုံးသတ် သွားပါပြီ။

ခရီးစဉ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ်အပါအဝင် ထိုင်းအစိုးရ တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တာတွေထဲမှာ အဓိက အကျဆုံး ကိစ္စကတော့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဥပဒေနဲ့ အညီ အကာအကွယ် ရနိုင်ရေး ကိစ္စတွေပဲ ဖြစ်ပါတယ်။

သောကြာနေ့က ထိုင်းဝန်ကြီးချုပ် နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာလည်း၊ ဒီကိစ္စအပေါ် ထိုင်း ဝန်ကြီးချုပ်က ကတိပေးပြောဆိုတာတွေ ရှိခဲ့သလို၊ ထိုင်းနိုင်ငံတွင်း ဒုက္ခသည်စခန်းတွေ က မြန်မာနိုင်ငံ သားတွေ နေရပ် ပြန်နိုင်ရေး ကိစ္စလည်း ပြောဆိုတာတွေရှိပါတယ်။

ထိုင်းနိုင်ငံ မထွက်ခွာခွင် ဒီကနေ့ မှာတော့ - ထိုင်း စံပြကျေးရွာ တခု ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီကို အသွား လမ်းမှာ သူ့ကို စောင့်ဆိုင်း ကြိုဆိုနေကြ တဲ့ မြန်မာနိုင်ငံသား တွေကို တွေ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က ယာဉ်တန်းကို ရပ်ခိုင်းပြီး၊ ကားပေါ်က ဆင်းပြီးတော့ မိနစ်အနည်းငယ်ကြာ နှုတ်ဆက်စကားပြောခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ အခြေစိုက် ပြီးတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက လူတွေနဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးမှာတွေ့ဆုံပြီး၊ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ခဲ့သလို၊ သံရုံးအနေနဲ့ ကိစ္စ အတော်များများကို တာဝန်ယူ ဖြေရှင်း ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အဲဒီနောက်မှာ ထိုင်းနိုင်ငံ တက္ကသိုလ်အသီးသီးမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေ၊ ပညာသင်ယူနေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ လည်းတွေ့ဆုံပါတယ်။

အဲဒီတွေ့ဆုံပွဲ အတွင်း မြန်မာနိုင်ငံ ပညာရေးအတွက် အကြံပေး ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒေါ်ဆောင်ဆန်းစုကြည်ဟာ စနေနေ့ ညနေပိုင်း မှာတော့ မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ်စု ထိုင်းခရီးစဉ် အဆုံးသတ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG