သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ဦးသိန်းစိန် တွေ့ဆုံမှု ဘန်ကီမွန်း ကြိုဆို

Dječak, Pakistanac iz okoline Islamabada, u igri sa njegovim konjem.
Dječak, Pakistanac iz okoline Islamabada, u igri sa njegovim konjem.

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံပြီး တိုင်းပြည် အနာဂတ်ရေးအတွက် ဆွေးနွေးခဲ့ကြတဲ့အပေါ် ကျေနပ် အားရမိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောကြားလိုက်ပါတယ်။

သောကြာနေ့က မြန်မာအစိုးရ သမ္မတနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြတာဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ရေရှည် အထောက်အကူ ပြုစေမယ့် ခြေလှမ်းမျိုးကို အစပျိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုတွေ့ဆုံမှုနဲ့ မကြာခင်ကာလအတွင်း တိုင်းပြည်အတွင်း ဖြစ်ပေါ်လာနေတဲ့ ပြောင်းလဲမှုတွေက မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေမလား ဆိုတာကတော့ နှစ်ဘက်စလုံးက ဘယ်လို လက်တွဲလုပ်ကြမယ် ဆိုတာကို ဆုံးဖြတ်တဲ့ အပေါ်မှာ မူတည်မယ်လို့ ဆိုပါတယ်။

တိုင်းပြည်အတွင်း ရေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှု တည်ဆောက်နိုင်အောင် နှစ်ဘက်စလုံးက အခုပေါ်လာတဲ့ အခွင့်အရေးကို အမိအရ အသုံးပြုနိုင်ဖို့ လိုတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်တွေမှာ အထောက်ကူပြုစေမှာ ဖြစ်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေးကိုလည်း မစ္စတာ ဘန်ကီမွန်းက ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။

This item is part of
XS
SM
MD
LG