သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်တွေနဲ့ Twitter ကတဆင့် ဒေါ်စု ဆက်သွယ်လို


လူငယ်တွေနဲ့ Twitter ကတဆင့် ဒေါ်စု ဆက်သွယ်လို

ဒေါ်အောင်ဆန်းစုကြည်က သူလွတ်မြောက်လာရင် အင်တာနက်ကို အသုံးပြုပြီး လူငယ်တွေနဲ့ ဆက်သွယ် စကားပြောချင်တယ်လို့ ရှေ့နေ ဦးဉာဏ်ဝင်းကို ပြောလိုက်ပါတယ်။

“ကျနော့်ကို အရင်ကတည်းက သူက တွစ်တာ၊ ကျနော်လည်း သိပ်တော့ ဒီပညာရပ်တွေ မသိဘူးဗျ။ ကျနော် နားလည်တာက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က သူလွတ်မြောက်ခဲ့လို့ရှိရင် ပြည်တွင်းရော၊ ပြည်ပရော ဆယ်ကျော်သက် လူငယ်တွေနဲ့ စကားပြောချင်တယ်။ သူတို့ ဒီခေတ်မှာ ဘာကို စိတ်ဝင်စားတယ်၊ သူတို့ စိတ်ကူး၊ စိတ်သန်းတွေက ဘာတွေ အများဆုံးလဲ။”

တွစ်တာ (Twitter) လို အင်တာနက် လူမှုဆက်ဆံရေး ကွန်ယက်တွေကနေ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ လူငယ်တွေနဲ့ စကားပြောဖို့ ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်တာပါလို့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသုံးပြုချင်တဲ့ အင်တာနက်ကို ဖိုင်ဘာ အော့်ပ်တစ်လို့ ခေါ်တဲ့ ဆက်သွယ်ရေးကြိုးတွေနဲ့ အိမ်တိုင်ရာရောက် ဆက်သွယ်နိုင်မယ့် ဖွင့်ပွဲတပွဲကို ပြင်ဦးလွင်မြို့မှာ ကျင်းပခဲ့ကြောင်း အောက်တိုလ ၁၈ ရက်နေ့ထုတ် အစိုးရပိုင် မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အခုလို သွယ်တန်းလိုက်တဲ့အတွက် အင်တာနက်ကို ၀င်ရောက်နိုင်ရုံသာမက ကွန်ပျူတာကနေ တယ်လီဖုန်း ပြောနိုင်ပြီး အင်တာနက်ကနေ တဆင့် တီဗွီကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အခုလို ၀န်ဆောင်မှု ၃ ခုယူရင် တအိမ်ကို အမေရိကန်ဒေါ်လာ ၉၀၀ ကျသင့်မှာဖြစ်ပြီး ၀န်ဆောင်မှု ၂ ခုပဲ ယူမယ်ဆိုရင်တော့ ဒေါ်လာ ၇၅၀ ကျသင့်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG