သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး ကုလသမဂ္ဂစိုးရိမ်


ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး ကုလသမဂ္ဂစိုးရိမ်
ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး ကုလသမဂ္ဂစိုးရိမ်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီအားလုံး ပါဝင်စေဖို့ ကုလသမဂ္ဂကလိုလားကြောင်းနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်မှုတွေ ဆက်ပြီးထားရှိဖို့ တိုက်တွန်းနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရရဲ့အာဘော်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာထဲမှာ ခြိမ်းခြောက်ရေးသားမှုတွေ တွေ့လာရတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စိုးရိမ်စိတ်ပူကြောင်း သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ မာတင် နာဆာကီက အခုလိုပြောပါတယ်။

“ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံရေးပါတီအားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရဖို့ အစဉ်တစိုက်ထောက်ခံနေတာပါ။ နောင်ကိုလည်း ဆက်ပြီး ထောက်ခံနေမှာပါ။ ဒီလိုပါဝင်ခွင့်မရအောင်လုပ်ဆောင်တဲ့ ဘယ်လုပ်ဆောင်မှုပဲစ်ဖြစ်၊ ဒါမှမဟုတ် ဘယ်ကြေညာချက်မျိုးဖြစ်ဖြစ် ကုလသမဂ္ဂရဲ့ စိုးရိမ်မှု ဖြစ်လာပါလိမ့်မယ်။” - လို့ မာတင်နာဆာကီ ကပြောသွားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရပိုင် သတင်းစာတွေက ဝေဖန်တိုက်ခိုက် ရေးသားလာတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ မြန်မာအစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J Crowley) က ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် အထက်လွှတ်တော်ရဲ့ ရီပါပလစ်ကန်အမတ် မစ်ချ်မက်ကောနဲလ် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ စိုးရိမ်တဲ့အကြောင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ပြောကြားခဲ့ပါသေးတယ်။

XS
SM
MD
LG