သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လင်ကွန်းအထိမ်းအမှတ် ဗိမာန်ကိုသွားရောက်


လင်ကွန်းအထိမ်းအမှတ်ဗိမာန်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုနေစဉ် (စက်တင်ဘာလ ၁၄ ၂၀၁၆)
လင်ကွန်းအထိမ်းအမှတ်ဗိမာန်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုနေစဉ် (စက်တင်ဘာလ ၁၄ ၂၀၁၆)

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မနေ့ညနေပိုင်းက ဝါရှင်တန်မှာရှိတဲ့ လင်ကွန်းအထိမ်း အမှတ် ဗိမာန်ကို သွားရောက် ကြည့်ရှုခဲ့ ပါတယ်။

ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

အထူး ဧည့်သည်တော် လည်ပတ်မှုအစီအစဉ်အနေနဲ့ ဝါရှင်တန်မှာရှိတဲ့ အထင်က ရ နေရာတွေထဲက တခုဖြစ်တဲ့ လင်ကွန်းအထိမ်းအမှတ်ဗိမာန်နဲ့ ၁၉၆၃ခုနှစ်က အဲဒီနေရာမှာ မာတင်လူသာကင်းရဲ့ “ကျနော်မှာ အိပ်မက်တ ခုရှိတယ်” ဆိုတဲ့ အထင်ကရ မိန့်ခွန်းပြောကြားခဲ့ တဲ့နေရာ ကို ဒေါ်အောင်ဆန်း စုကြည် လာရောက်ကြည့်ရှုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ အမေရိကန် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်လင်း တို့လိုက်ပါလာ ခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့အတူ အမေ ရိကန်နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေက ကြိုဆိုခဲ့ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် လင်ကွန်းဗိမာန်ကို လာရောက်ကြည့်ရှုတာနဲ့ပတ်သက်လို့ သံအမတ်ကြီး Scot Marciel ရဲ့ အမြင်ကိုမေးကြည့်တော့-

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအိုဘားမားတို့ နှစ်ဦးလုံးတွေ့ဆုံချိန်မှာ အပြည့်အစုံပြောကြားခဲ့တဲ့အတွက် ကျနော့်မှာ အထူးအထွေပြောဖို့ မရှိပါဘူး။”

လင်ကွန်းအထမ်းအမှတ်ဗိမာန်တည်ဆောက်ထားပုံ၊ နောက်ပြီးအဲဒီမှာ ဖေါ်ပြထားတဲ့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအချက်တွေ၊ သမ္မတ လင်ကွန်းရဲ့ မှတ်သားဖွယ်မိန့်ခွန်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တနာရီနီးပါး သေချာလေ့လာကြည့်ရှု သွားပါတယ်။ အဲဒီနောက် မြန်မာသံရုံး မှာ ပြုလုပ်တဲ့ ညစားစားပွဲကိုတက်ရောက်ဖို့ ဆက်လက်ထွက်ခွာသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG