ဘောလုံးအကျော်အမော် ဒေးဗစ် ဘက်ခမ်းဟာ အမေရိကန်မှာ ဘောလုံး အသင်းတစ်သင်းကို ဝယ်ဖို့ လုပ်နေပါတယ်။ ဖလော်ရီဒါ ပြည်နယ်၊ မိုင်ယာမီ အခြေစိုက် ဘောလုံးအသင်းတစ်သင်းကို ဝယ်ဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေရဲ့ အလယ်တန်းကစားသမားဟောင်းနဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းက ပြင်ဆင်နေတာပါ။
လောလောဆယ်မှာတော့ ဘဏ္ဍာရေးအစီအစဉ်နဲ့ ကစားကွင်း အသစ်တစ်ခုအတွက် နေရာကိစ္စတွေ ပြီးပြတ်တဲ့အခါမှသာ အသင်း ဝယ်တဲ့အစီအစဉ်ကို အချောသတ်နိုင်မှာပါ။ အားကစားကွင်း အတွက် ဖြစ်နိုင်ခြေနေရာတွေ ကို ဘက်ခမ်းက လိုက်ကြည့်နေခဲ့ပြီး ဆောက်လုပ်ရေး နဲ့ ကစားသမားတွေဝယ်ဖို့ ကနဦးကုန်ကျစရိတ်အတွက် ရင်းနှီးမြှုပ်နှံချင်သူတွေကိုလည်း ရှာနေပါတယ်။
သူနဲ့အတူလုပ်မယ့်လူတွေထဲမှာ ဘတ်စကက်ဘောကြယ်ပွင့်တစ်ဦးဖြစ်တဲ့ LeBron James လည်းပါလာဖွယ်ရှိပါတယ်။အခု ဘက်ခမ်းဝယ်ဖို့ လုပ်နေတဲ့ Miami Fusion အသင်းဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတွက် အမေရိကန် မေဂျာလိဂ် ဘောလုံးအဖွဲ့ချုပ်ဝင် အသင်းတစ်သင်းဖြစ်ခဲ့ပြီး အခြေမလှခဲ့တဲ့အသင်းဖြစ်ပါတယ်။