သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့်သတင်းသမား ဒေးဗစ် အဲန်ဆာကို ဗွီအိုအေ ဒါရိုက်တာသစ် ခန့်အပ်


ဝါရင့်သတင်းသမား ဒေးဗစ် အဲန်ဆာကို ဗွီအိုအေ ဒါရိုက်တာသစ် ခန့်အပ်
ဝါရင့်သတင်းသမား ဒေးဗစ် အဲန်ဆာကို ဗွီအိုအေ ဒါရိုက်တာသစ် ခန့်အပ်

အမေရိကန်ပြည်ထောင်စု အသံလွှင့်ဌာန Voice of America ရဲ့ ညွှန်ကြားရေးမှူးအဖြစ် အသံလွှင့်ဌာန အုပ်ချုပ်ရေးအဖွဲ့ (Broadcasting Board of Governors) က ဝါရင့် သတင်းသမားတဦးဖြစ်တဲ့ ဒေးဗစ် အဲန်ဆာ (David Ensor) ကို အဆိုပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်း ပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီရေး ပြည်သူ့အုံကြွမှုတွေက ကမ္ဘာပေါ်က ပြည်သူတွေကို သူတို့ကိုယ်တိုင် လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်တွေကို တိုးမြှင့်ပေးရာမှာ လွတ်လပ်ပြီး အားထားယုံကြည်လောက်တဲ့ သတင်းတွေ ပေးပို့မှုဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို သက်သေပြလိုက်တယ်လို့ Broadcasting Board of Governors ရဲ့ ဥက္ကဋ္ဌ ဝေါ်လ်တာ အိုက်ဇက်ဆင်န် (Walter Isaacson) က တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒတွေကို ရှင်းရှင်းလင်းလင်း တင်ပြဖို့နဲ့ မျှတမှန်ကန်တဲ့ သတင်းပညာရပ် ဆိုင်ရာ ထောက်ပံ့မှုတွေကို ဆောင်ရွက်ဖို့ အဓိက တာဝန်ကိုဆောင်ရွက်ရတဲ့ VOA ကို ဦးဆောင်မှုပေးဖို့ မစ္စတာ အဲန်ဆာ ဟာ အထူးတလည် သင့်လျောသူ ဖြစ်ပါတယ်လို့ မစ္စတာ အိုက်ဇက်ဆင်န် က ပြောဆို ပါတယ်။

ဆယ်စုနှစ် ၃ ခုကျော်ကြာ ရုပ်မြင်သံကြားနဲ့ ရေဒီယိုသတင်းတာဝန် ထမ်းဆောင်စဉ်ကာလမှာ မစ္စတာ အဲန်ဆာ ဟာ နိုင်ငံခြားရေးရာ သတင်းတင်ပြမှုဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ABC News၊ CNN စတဲ့ ရုပ်မြင်သံကြားဌာနတွေအပြင် National Public Radio မှာလည်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

လာမယ့် ဇွန်လကစပြီး ဗွီအိုအေ အသံလွှင့်ဌာနမှာ ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်မယ့် မစ္စတာ အဲန်ဆာ ဟာ လောလောဆယ် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ပြည်သူ့မူဝါဒရေးရာနဲ့ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်နေသူဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလကစလို့ ညွှန်ကြားရေးမှူးတာဝန်ယူခဲ့တဲ့ ဒန်းဖို့သ် အော်စတင် (Danforth Austin) ရဲ့ ရာထူးကို မစ္စတာ အဲန်ဆာ က တာဝန်လွှဲပြောင်းယူမှာ ဖြစ်ပါတယ်။

XS
SM
MD
LG