ထင်ရှားတဲ့ ဗြိတိသျှ သတင်းမီဒီယာသမားတစ်ဦးဖြစ်သူ David Frost ဟာ အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ အမေရိကန် သမ္မတဟောင်း Richard Nixon ကို တွေ့ဆုံမေးမြန်းခဲ့တာတွေကြောင့် နိုင်ငံတကာမှာ ထင်ရှား လာခဲ့သူပါ။
Frost ဟာ အပန်းဖြေ အပျော်စီးသင်္ဘော Queen Elizabeth ပေါ်မှာ ရုတ်တရက် နှလုံးရောဂါ ဖောက်ပြီး စနေနေ့က ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၁၀ ရက်ကြာ အပျော်စီး သင်္ဘောပေါ်မှာ သူက မိန့်ခွန်းတစ်ခုပြောဖို့ စီစဉ်ထားတာပါ။
ရုပ်မြင်သံကြား သတင်းလောကမှာ ဆယ်စုနှစ် ၅ ခုကြာ ကျင်လည်ခဲ့ချိန်အတွင်း Frost ဟာ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးနဲ့ သြဇာအကြီးဆုံး ပုဂ္ဂိုလ်တွေကို တွေ့ဆုံ မေးမြန်းခဲ့ဖူးပါတယ်။ အဲဒီထဲမှာ ဗြိတိသျှဝန်ကြီးချုပ်တွေ၊ အမေရိကန် သမ္မတတွေအပြင် အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် Nelson Mandela လည်း ပါဝင်ပါတယ်။
၁၉၇၇ ခုနှစ်က အမေရိကန်သမ္မတဟောင်း Richard Nixon နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဝါးတားဂိတ်အရှုတ်တော်ပုံနဲ့ ပတ်သက်လို့ နောင်တရကြောင်း မစ္စတာ Nixon ထုတ်ပြောလာအောင် Frost က မေးမြန်းနိုင်ခဲ့ပါတယ်။ အဲဒီအရှုတ်တော်ပုံကြောင့် မစ္စတာ နစ်က်ဆင်န်ဟာ ၁၉၇၄ ခုနှစ်မှာ အချိန်မတိုင်ခင် သမ္မတရာထူးကနေ နှုတ်ထွက်ပေးခဲ့ရတာပါ။