Zawgyi/Unicode
ေဆးပညာဆိုင္ရာ ႏိုဘယ္ဆုကို အေမရိကန္ သိပၸံပညာရွင္ေတြျဖစ္ၾကတဲ့ David Julius နဲ႔ Ardem Patapoutian တို႔ ႏွစ္ေယာက္က တနလၤာေန႔ မွာ ရရွိသြားၾကပါတယ္။ အပူနဲ႔ထိေတြ႔မႈဆိုင္ရာ အာ႐ုံခံ နာဗ့္ေၾကာေတြကို ေဖာ္ထုတ္ေတြ႔ရွိခဲ့တဲ့အတြက္ ခ်ီးျမႇင့္လိုက္တာျဖစ္တယ္လို႔ အကဲျဖတ္လူႀကီးမ်ားအဖြဲ႔က ေျပာပါတယ္။ သူတို႔ ေတြ႔ရွိခ်က္ေၾကာင့္ အပူနဲ႔ ထိေတြ႔မႈ အာ႐ုံေတြက အာ႐ုံေၾကာေတြမွာ ဘယ္လို လႈပ္ရွားျဖစ္ေပၚၿပီး သိစိတ္ျဖစ္ေပၚလာႏိုင္တယ္ ဆိုတာကို နားလည္လာရတယ္လို႔ အဖြဲ႔က ဆိုပါတယ္။
Julius က San Francisco မွာ ရွိတဲ့ California တကၠသိုလ္ကျဖစ္ၿပီး Patapoutian က ကာလီဖိုးနီးယား ျပည္နယ္ မွာရွိတဲ့ Scripps သုေတသနဌာနက ျဖစ္ပါတယ္။ သူတို႔ ၂ ေယာက္က ဆုေၾကး ေဒၚလာ ၁.၁ သန္းကို ခြဲေဝယူၾကရမွာပါ။ မႏွစ္တုံးကေတာ့ အသည္းေယာင္ ဗိုင္းရပ္စ္ စီပိုးကို ေတြ႔ရွိခဲ့တဲ့ သိပၸံပညာရွင္ေတြကို ဆုခ်ီးျမႇင့္ခဲ့ၾကပါတယ္။
ဆုအတြက္ အဆိုျပဳလႊာေတြကို ဇန္နဝါရီလကုန္မွာ ပိတ္ခဲ့ပါတယ္။ အဂၤါေန႔မွာ ႐ူပေဗဒ၊ ဗုဒၶဟူးေန႔မွာ ဓာတုေဗဒ၊ ၾကာသပေတးေန႔မွာ စာေပ၊ ေသာၾကာေန႔မွာ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုေတြကို ခ်ီးျမႇင့္မွာျဖစ္ၿပီး လာမယ့္ တနလၤာေန႔ မွာ စီးပြါးေရး ႏိုဘယ္ဆုကို ေၾကညာမွာပါ။
======
Unicode
ဆေးပညာဆိုင်ရာနိုဘယ်ဆု ကန်သိပ္ပံပညာရှင်နှစ်ဦးရရှိ
ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အမေရိကန် သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ David Julius နဲ့ Ardem Patapoutian တို့ နှစ်ယောက်က တနင်္လာနေ့ မှာ ရရှိသွားကြပါတယ်။ အပူနဲ့ထိတွေ့မှုဆိုင်ရာ အာရုံခံ နာဗ့်ကြောတွေကို ဖော်ထုတ်တွေ့ရှိခဲ့တဲ့အတွက် ချီးမြှင့်လိုက်တာဖြစ်တယ်လို့ အကဲဖြတ်လူကြီးများအဖွဲ့က ပြောပါတယ်။ သူတို့ တွေ့ရှိချက်ကြောင့် အပူနဲ့ ထိတွေ့မှု အာရုံတွေက အာရုံကြောတွေမှာ ဘယ်လို လှုပ်ရှားဖြစ်ပေါ်ပြီး သိစိတ်ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို နားလည်လာရတယ်လို့ အဖွဲ့က ဆိုပါတယ်။
Julius က San Francisco မှာ ရှိတဲ့ California တက္ကသိုလ်ကဖြစ်ပြီး Patapoutian က ကာလီဖိုးနီးယား ပြည်နယ် မှာရှိတဲ့ Scripps သုတေသနဌာနက ဖြစ်ပါတယ်။ သူတို့ ၂ ယောက်က ဆုကြေး ဒေါ်လာ ၁.၁ သန်းကို ခွဲဝေယူကြရမှာပါ။ မနှစ်တုံးကတော့ အသည်းယောင် ဗိုင်းရပ်စ် စီပိုးကို တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေကို ဆုချီးမြှင့်ခဲ့ကြပါတယ်။
ဆုအတွက် အဆိုပြုလွှာတွေကို ဇန်နဝါရီလကုန်မှာ ပိတ်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ ရူပဗေဒ၊ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒ၊ ကြာသပတေးနေ့မှာ စာပေ၊ သောကြာနေ့မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုတွေကို ချီးမြှင့်မှာဖြစ်ပြီး လာမယ့် တနင်္လာနေ့ မှာ စီးပွါးရေး နိုဘယ်ဆုကို ကြေညာမှာပါ။
#NobelMedicinePrize #DavidJulius #ArdemPatapoutian #VOABurmese