သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်ကို CIA အကြီးအကဲအဖြစ် အတည်ပြု

ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်ကို CIA အကြီးအကဲအဖြစ် အတည်ပြု
ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်ကို CIA အကြီးအကဲအဖြစ် အတည်ပြု

အမေရိကန် အထက်လွှတ်တော်က ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရေးယပ်စ် (David Patraeus) ကို CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့ရဲ့ အကြီးအကဲအဖြစ် အတည်ပြုလိုက်ပါပြီ။ ထောက်ခံမဲ ၉၄ မဲ၊ ကန့်ကွက်မဲ တမဲမှ မရှိဘဲ အသက် ၅၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်ကို ကြာသာပတေးနေ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်က သူ့အပေါ် အဆိုပြု တင်သွင်းတဲ့ ကြားနာပွဲမှာတော့ ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်က သူ့အနေနဲ့ အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမယ့် သမ္မတ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပြောပါတယ်။ ဒီအစီအစဉ်ဟာ သူ သမ္မတကို အဆိုပြုတဲ့ အစီအစဉ်ထက် ပိုပြီးတော့ ပြင်းထန်တဲ့ အစီအစဉ်တခု ဖြစ်ပေမဲ့ သူ့အနေနဲ့ ထောက်ခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သက္ကရာဇ် ၂၀၁၂ စက်တင်ဘာလကျရင် အာဖဂန်နိုင်ငံက အမေရိကန် တပ်ဖွဲ့ဝင် အင်အား ၃၃,၀၀၀ လောက်ကို ရုပ်သိမ်းမယ့် ကိစ္စကို သမ္မတ အိုဘားမားက ကြေညာပြီး တရက်အကြာမှာ သူ့ရဲ့ ကြားနာပွဲကို လုပ်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်က သူ့အနေနဲ့ တခြား ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ အတူ လက်တွဲလုပ်သွားဖို့ မျှော်လင့်ထားသလို ကွန်ဂရက်နဲ့ CIA အဖွဲ့ရဲ့ ဆက်ဆံရေးကို ပိုချဲ့ထွင်သွားဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်ဟာ CIA အဖွဲ့ကို မပြောင်းခင်မှာ အာဖဂန်မှာရှိတဲ့ စစ်ဦးစီးမှူး ရာထူးက ဆင်းပြီး စစ်တပ်ကနေ အနားယူမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG