သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Davos ကမ္ဘာ့စီးပွားရေးညီလာခံ ဆွစ်ဇာလန်မှာ စတင်ကျင်းပ


ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာပြုလုပ်တဲ့ ကမ္ဘာ့စီးပွါးရေးညီလာခံနှစ်ပတ်လည်အခန်းအနားကို မနေ့က ဇန်နဝါရီလ ၂၂ရက်နေ့မှာ စတင်ကျင်းပပါတယ်။ ဒီအခန်းအနားရဲ့ ပထမနေ့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ စီးပွါးရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး အင်္ဂါနေ့ကနေ သောကြာနေ့ ဇန်နဝါရီလ ၂၅ရက်နေ့အထိလေးရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်။

ဒီနှစ်ညီလာခံရဲရည်ရွယ်ချက်ကတော့ Globalization 4.0 စီးပွါးရေးတံခါးဖွင့်ဝါဒ တိုးတက်မှုအဆင့်၄လို့ဆိုပါတယ်။ ဒီညီ လာခံမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေ၊ အင်အားအရှိန်အဝါအကြီးမားဆုံးပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေလုပ်ငန်းရှင်တွေ လာရောက်ပြောဆိုဆွေးနွေးကြတာဖြစ်လို့ စီးပွါးရေးအရ အဆက်အသွယ်ရနိုင်ဖို့အကောင်းဆုံးအခွင့်အလမ်းတခုလည်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ ကမ္ဘာ့စီးပွါးရေးနှေးကွေးလာနေမှုနဲ့ တရုတ်နဲ့အမေရိကန်အကြားဖြစ်ပွါးနေတဲ့ ကုန်သွယ်ရေးတင်းမာမှုတွေက နည်းပညာဆိုင်ရာစီးပွါးရေးလုပ်ငန်းတွေအပေါ်ဘယ်လိုရိုက်ခပ်မှုတွေရှိလာနိုင်မလဲ စတဲ့ ကိစ္စတွေကိုပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၈ခုနှစ်တုန်းကတော့ Davos ကမ္ဘာ့စီးပွါးရေးညီလာခံမှာ အဓိကစိတ်ဝင် စားမှုအခံရဆုံးပုဂ္ဂိုလ်တဦးက အမေရိကန်သမ္မတဒေါ်နလ်ထရမ့်ပါ။ ဒါပေမဲ့ ဒီနှစ်ညီလာခံကို သူမတက်ပါဘူး။ အမေရိကန် အစိုးရယန္တရားတချို့ရပ်ဆိုင်းနေတာတလကျော်နေပြီဖြစ်လို့ ဒီပြဿနာကြောင့် ညီလာခံကိုသမ္မတထရမ့်တက်ရောက်ဖို့ ကိစ္စဖျက်သိမ်းခဲ့ရတဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး ဆယ်ရာဆန်းဒါးစ်က ပြောပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူဝယ် မက္ကရွမ်းနဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေတို့လည်း ပြည်တွင်းရေးအကျပ်အတည်းတွေကြောင့် ဒီနှစ် Dsvos ညီလာခံကိုမတက်ရောက်ကြပါဘူး။ တရုတ်သမ္မတရှီကျင်းပင်လည်း ညီလာခံကိုမတက်ပါဘူး၊ တရုတ်ဒုသမ္မတ Wang Qishan ကတက်ပါတယ်။

ဗြိတိန်တော်ဝင်မင်းသား ဝီလျှံ၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နတန်ယာဟုတို့က ညီလာခံကို တက်ကြပါတယ်။ ဒီနှစ်ညီလာခံမှာအဓိကမိန့်ခွန်းပြောကြမယ့်သူတွေကတော့ ဂျာမဏီဝန်ကြီးချုပ် အန် ဂလာမာကဲလ်၊ IMF ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ရဲ့အကြီးအကဲ Christine Lagardeနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲတို့ပဲဖြစ်ပါတယ်။

Davos ကမ္ဘာ့စီးပွားရေးညီလာခံ ဆွစ်ဇာလန်မှာ စတင်ကျင်းပ
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG