သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ရှည်ရှည်ထား ကူညီကြဖို့ ဒေါ်စု တိုက်တွန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်။

လက်ရှိအချိန်မှာ ပြည်သူတွေမျှော်မှန်းထားတဲ့ဆန္ဒတွေကို အကောင်အထည် မဖေါ်နိုင်သေးတဲ့ အတွက် စိတ်ရှည်သည်းခံကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့ကပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် NLD ရဲ့ဒုသမ္မတလောင်းတွေ ကို မြန်မာပြည်သူတွေ လက်ခံသဘောကျမယ် လို့ မြင်ကြောင်းနဲ့ သစ္စာရှိမှု၊ စည်းကမ်းရှိမှုနဲ့ အရည်အချင်းရှိမှု သုံးချက်အပေါ်မှာ သူကိုယ်တိုင်ရွေးချယ်ခဲ့ တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မနေ့က NLD လွှတ်တော် အမတ်တွေနဲ့တွေ့ဆုံရာမှာ ပြောကြားသွားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြောပြမှာပါ။

လက်ရှိအခြေအနေအရ တိုင်းပြည်ကောင်းဖို့ဆောင်ရွက်တဲ့အခါ ပြည်သူတွေအနေနဲ့ စိတ်ရှည်သည်းခံပြီး ဝိုင်းဝန်းကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့ကကြေညာချက် ထုတ်ပြန်ပြီး ပန်ကြားလိုက် ပါတယ်။ မြန်မာပြည်သူတွေ က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို တခဲနက်တည်း မဲပေးခဲ့ကြပေမဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ် ချက်တွေကြောင့် ပြည်သူတွေရဲ့ ဆန္ဒကို လောလောလတ်လတ် အကောင်အထည်ဖေါ် မပေးနိုင်သေးတဲ့အပေါ်မှာ အခုလိုဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ထွက်ပေါ်လာတာဖြစ်တယ်လို့လည်း သုံးသပ်သူတွေရှိပါတယ်။ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က ဒီကြေညာချက်နဲ့ပတ်သက်လို့ ဗွီအိုအေကိုအခုလိုပြောပါတယ်။

" ပြည်သူတွေရဲ့ဆန္ဒက ဒေါ်စု သမ္မတဖြစ်တာ မြင်ချင်တာပေါ့ဗျာ။ အဲ့တာကြောင့်မို့ လည်း မဲပေးတာ။ အဲ့ထဲမှာ သမ္မတ မဖြစ်တာကို တလုံးမှ မသုံးဘူးဗျ ဒေါ်စု။ နောက်ပြီးတော့ ကျနော်တို့ က တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစွာ ကူးပြောင်းရေးကို လိုလားတယ်။ လိုလားတဲ့အတွက် ကျနော်တို့က တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ ဖွဲ့တာဖြစ်တယ်။ လောလောလတ်လတ် အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည်မဖော်ပေးနိုင်ခဲ့ဘူး။ အဲ့တော့ ဒီဟာကို တည်ငြိမ်အေးချမ်းစွာနဲ့ အကူအညီပေးဖို့ကို ပြည်သူ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံတာ။ ပြည်သူတွေရဲ့ ဆန္ဒ ဘာလဲဆိုတာလည်း သိတယ်။ ပြည်သူတွေလည်း သိတယ်။ ကျနော်တို့လည်း သိတယ်။ တနိုင်ငံလုံး သိတယ်။ အဲ့တာကို အကောင်အထည်ဖော်ဖို့အတွက် စိတ်ရှည်သီးညီးခံပြီးတော့ ဝိုင်းဝန်းကူညီပေးပါဆိုပြီးတော့ မေတ္တာရပ်ခံတာပါ "

လွှတ်တော်နှစ်ရပ် ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်း (သတင်းမှတ်တမ်းဓာတ်ပုံများ)

အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
1/12 အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
2/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
3/12 ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
4/12 ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
6/12 ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
အမျိုးသားလွှတ်တော်
7/12 အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
8/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
9/12 Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
10/12 ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
11/12 ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
12/12 သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
Previous slide
Next slide

မနေ့ ကြာသာပတေးနေ့က နေပြည်တော်မှာ NLD လွှတ်တော်အမတ်တွေ နဲ့ တွေ့ဆုံပွဲမှာ လည်း ဒေါ်အောင်ဆန်းစုကြည်က ဒုသမ္မတလောင်းတွေအဖြစ် ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ကို သူဘာကြောင့် ရွေးချယ်ခဲ့ရသလဲဆိုတာကို ရှင်းပြခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။

" ဒုသမ္မတလောင်းအဖြစ် ရွေးတဲ့အခါမှာ ဒီလူတွေဟာ NLD ပေါ်မှာ ဘယ်လောက် တာရှည်စွာ တာဝန်ယူခဲ့တယ်ဆိုတဲ့အပေါ်မှာ မူမတည်ဘူး။ NLD အပေါ်မှာ ဘယ်လောက် သစ္စာရှိမလဲဆိုတဲ့အပေါ်မှာ သူ ဆုံးဖြတ်ချက် ချတယ်။ အဲ့တော့ နှစ်ယောက်စလုံးကို ကြည့်လိုက်တဲ့အခါမှာ သစ္စာရှိမယ်လို့ သူယုံကြည်တယ်။ ဦးထင်ကျော်ဆိုရင် သူနဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ တွဲလုပ်နေတာ။ ကြာပြီ နောက်ပြီးတော့ မျိုးရိုး ပညာတတ်လည်း ပညာတတ်။ သူ့အဖေရဲ့ ဂုဏ်ရှိတယ်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာတုန်းကလည်း တက်တက်ကြွကြွ လုပ်ခဲ့တယ်။ ပြီးတော့ သမ္မတလောင်း ဒုသမ္မတလောင်း အရည်အချင်းနဲ့လည်း ပြည့်စုံတယ်။ အဲ့တာကြောင့်မို့လို့ ရွေးတယ်။

နောက်တယောက်ကျတော့ ဘာလဲဆိုရင် ချင်းကို ဘာလို့ရွေးရလဲ ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရာထူးမှာ ချင်းမှာ တချိန်တခါမှ မြင့်မြင့် ရာထူးတွေ မရခဲ့ဘူး။ ဥပမာ ပြည်သူ့လွှတ်တော်မှာ ဦးတီခွန်မြတ်ကို ဒုတိယဥက္ကဋ္ဌ ပေးတဲ့အခါမှာ ကချင်ဖြစ်တယ်။ ဟိုဘက်မှာ ဥက္ကဋ္ဌကို ကရင်ပေးတယ်။ နောက်တယောက်ကို ဦးအေးသာအောင်ကို ရခိုင်ကို ပေးလိုက်တယ်။ တိုင်းရင်းသားတွေ ဆုံစေချင်တယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြဲတမ်း ကြွေးကြော်နေတဲ့ Reconciliation အကောင်အထည်ဖော်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် အကောင်အထည်ဖော်တယ်။ နောက်ပြီးတော့ ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရဲ့ သင်္ကေတတွေကို ဖော်ဖို့အတွက် ဒီဥစ္စာ ဘယ်သူ့ကို ရွေးလိုက်တာ လဲ ဆိုရင် ဒုသမ္မတလောင်းကို ချင်းကို ရွေးလိုက် တာဖြစ်တယ်။"

ဒီကနေ့ သောကြာနေ့ လွှတ်တော်အစည်းအဝေးတွေမှာ အနိုင်ရပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့က အသီးသီး တင်သွင်းခဲ့တဲ့ ဒုသမ္မတလောင်းတွေနဲ့ တပ်မတော်ကအဆိုတင်မယ့် ဒုသမ္မတလောင်း တဦး စုစုပေါင်း ငါးဦး ကို မဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။

ဒီလွှတ်တော်အစည်းအဝေးတွေမှာ နိုင်ငံရဲ့သမ္မတဖြစ်လာမယ့်သူကိုရွေးချယ်မှာဖြစ်တဲ့အတွက် ပြည်သူတွေအတွက်အလွန်အရေးကြီးတာကြောင့် NLD လွှတ်တော်အမတ်တွေ အနေနဲ့ ပင်နီအကျီဝတ်ပြီး စည်းစည်းလုံးလုံး ပြည်သူတွေနဲ့ တသားတည်း ငါတို့ခေတ်ရောက်ပြီဆိုတာကိုပြကြဖို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က NLD အမတ်တွေနဲ့ တွေ့ဆုံပွဲ မှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG