သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံအမတ်ကြီးများ နဲ့ ဗြိတိန်ရောက်ဒေါ်စု တွေ့ဆုံ


မြန်မာသံအမတ်ကြီးများနဲ့ ဗြိတိန်ရောက်ဒေါ်စု တွေ့ဆုံ (MOI)
မြန်မာသံအမတ်ကြီးများနဲ့ ဗြိတိန်ရောက်ဒေါ်စု တွေ့ဆုံ (MOI)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကိုသွားရောက်ပြီး၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ မြန်မာသံရုံးတွေက မြန်မာသံအမတ်ကြီးတွေနဲ့ တွေ့ဆုံ အစည်းအဝေးလုပ်နေပါတယ်။ မြန်မာသံရုံးကို အဝင်မှာတော့ ဗြိတိန်မှာရှိတဲ့ မြန်မာနိုင်ငံသားအချို့က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ခဏတာ တွေ့ခွင့်ရလိုက်ကြပါတယ်။ အဲဒီထဲက တဦးဖြစ်တဲ့ ဒေါက်တာသက်ကိုကို ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“မေး။ ။ ဟုတ်ကဲ့ ဒေါက်တာသက်ကိုကို ရေ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်လာတော့ အဲဒီမှာ ဒေါက်တာသက်ကိုကို တို့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ ဖြစ်လိုက်တယ်ဆိုတော့ အဲဒီကအခြေအနေလေးနဲ့ ဘယ်လိုများ ဆုံဖြစ်သလဲ ပြောပြပါဦးခင်ဗျ။

ဖြေ။ ။ ဘယ်လိုဆုံဖြစ်သလဲဆိုတော့ ကျနော်က အင်္ဂလန်မြောက်ပိုင်းမှာပေါ့နော် ကားမောင်းပြီး မနေ့က ဆင်းလာပါတယ်။ အမေစုတို့ ရန်ကုန်က TG နဲ့ထွက်တယ်ဆိုတာနဲ့ TG က Heathrowမှာ Terminal 2 ဆိုက်တယ်ဆိုတာနဲ့ ကျနော်အဲဒီကိုသွားပါတယ်။ ကျနော်သိပါတယ် အမစုကတော့ VIP အပေါက်က ထွက်မှာဆိုတာကို သိပေမယ့်လည်း Terminal 2 ကနေ လာစောင့်ပါတယ်။ ဘာလို့လာစောင့်ရတာလဲဆိုတော့ ဘယ်နိုင်ငံ အမစုသွားသွား အဲဒီက နိုင်ငံသားတွေက အကြီးအကျယ် ကြိုဆိုကြတော့ ကျနာ်အဲဒီလိုမျိုးဖြစ်ချင်တယ်။ ဒါပေမယ့် အမေရဲ့ လုံခြုံရေးကိုလည်း ကျနော်တို့က စိုးရိမ်တဲ့အတွက်လူတွေကိုတော့ တအားတော့မပြောဘူးပေါ့နော်။ အဲလိုပဲ သွားလိုက်ပါတယ်။ သွားပြီးတော့ ကျနော့်အစီအစဉ်က ဒီကနေ့ သံရုံးကို လာမယ်ဆိုတာလည်း သတင်းကြားထားပါတယ်။ အဲဒါကြောင့် သံရုးရေ့ကနေ လာစေညင့် ပါတယ် ညက လန်ဒန်မှာပဲ အိပ်ပါတယ် ။ ကျနော် မိုင် ၃၀၀ ကျော် ကားမောင်းပြီး ဆင်းလာရပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သံရုံးရှေ့မှာ တွေ့တော့ရော ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်မှု နောက် မြန်မာ တွေဘက်က တုန့်ပြန်မှုဘယ်လိုများ မြင်ရသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည် အရမ်း သူဝမ်းမြောက်ပါတယ်။ သူက ကားပေါ်က ဆင်းလာတာနဲ့ သူကလေ သံရုံးအပေါ်က်ထဲကို မဝင်ပဲနဲ့ ကျနော်တို့ ဘက်ကို တခါတည်း တန်းလာပါတယ်။ တန်းလာပြီး ကျနော်တို့ကို နှုတ်ဆက်တယ်။ နှုတ်ဆက်ပြီးတော့ ကျနော်တို့ကလည်း ဓါတ်ပုံလေး ၁ ပုံရိုက်ခွင့်ပေးပါလို့ဆိုတော့ သူရိုက်ခွင့်ပေးတယ်။ သေချာစိတ်ရှည်လက်ရှည်ကိုစောင့်တယ်။ တယောက် ကင်မရာ ၁ လုံးစီနဲ့ကို ရိုက်ကြတယ်ပေါ့နော်။ ပြီးတော့ သူက ဘာမှာသွားလဲဆိုတော့ လိမ်လိမ်မာမာ နေကြနော်တဲ့ သူများတိုင်ပြည်မှာတဲ့ ။ ပြီးတော့ သံရုံးနဲ့လည်း အဆင်ပြေအောင်နေပါနော် အဲလိုမှာသွားတယ်။

ကိုသက်ကိုကိုက တကူးတက ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဖို့အတွက် တက်လာတယ် အခုလောက်အချိန်လေး တွေ့ခွင့်ရတယ် ကျေနပ်ရဲ့လား။

ဖြေ။ ။ ကျေနပ်တာပေါ့။ ကျနော် မတွေ့ရင်လည်း ကျေနပ်ပြီးသားပါ ဘာလို့လဲဆိုတော့ အမေ့ခရီးစဉ်က အရမ်း schedule က အရမ်း tight ဖြစ်တယ်ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့် အနေနဲ့ အသက် ၇၁ နှစ်အရွယ် အမေအိုကြီး နေ့မအိပ် ညမအိပ်နဲ့ ပြည်တွင်းပြည်ပမှာ သွားရောက်ပြီး အလုပ်လုပ်ဆောင်နေတဲ့ဟာကို လာရောက်ပြီး support ပေးတဲ့ သဘောပါပဲ။ ပြီးရင် သူ့ကိုလာပြီး well wish လာလုပ်တာပါ။ အမေ ကျန်းမာပါစေဆိုပြီး လာဆုတောင်းတာပါ။”

ဒေါက်တာ သက်ကိုကို ကို ကိုသားညွှန့်ဦး က ဆက်သွယ်မေးမြန်းခဲ့တာပါ။

စက်တင်ဘာလ ၁၀ ရက်နေ့က ဗြိတိန်နိုင်ငံကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံမှာ သုံးရက်ကြာမယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေးအောင်ဆန်းစုကြည်ဟာ ဗြိတိန် စံတော်ချိန် ၁၀ နာရီမှာ ဥရောပဒေသ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေက မြန်မာသံအမတ်ကြီး ၁၂ ဦးတို့နဲ့ လန်ဒန် မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမည့် မူဝါဒတွေနဲ့ လမ်းစဉ်တွေ၊ ဦးစားပေးလုပ်ငန်းစဉ်တွေအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အသေးစိတ်ရှင်းလင်းပြောဆိုခဲ့တယ်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာတော့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေအပါအဝင် မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဗြိတိန်ပါလီမန်အကြီးအကဲတွေနဲ့လည်း တွေ့ဆုံဖို့ရာရှိနေပါတယ်။ နိုင်ငံတော်အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ကနေ စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG