သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ကမ္ဘာ လူသားတို့ ရဲ့ မျှော်လင့်ချက် အဖြစ် အိုဘားမား ချီးမွမ်း


ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ ( ၁၉၊ နိုဝင်ဘာ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ ( ၁၉၊ နိုဝင်ဘာ ၂၀၁၂)

ဒေါ်အောင်ဆန်းစုကြည်ဟာ သန်း ၅၀ ကျော် မြန်မာလူထုအတွက်သာမက ကမ္ဘာတဝန်းက သန်းပေါင်းများစွာသော လူတွေ အတွက် တရားမျှတမှု ရဲ့ မျှော်လင့်ချက် မီးရှုးတန်ဆောင် အဖြစ် အခုဆိုရင် ဘယ်တုန်းကနဲ့မှ မတူတဲ့ အနေအထားနဲ့ ဆက်ရှိနေဆဲပါ လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ချီးကျူး ရေးသားလိုက်ပါတယ်။

Time မဂ္ဂဇင်းက ပြုစုထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ သြဇာအရှိန်အဝါ အကြီးမားဆုံး လူပုဂ္ဂိုလ် အယောက် ၁၀၀ စာရင်းထဲမှာပါဝင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားက ဧပြီလ ၂၁ ရက်နေ့စွဲနဲ့ A beacon of hope မျှော်လင့်ချက် မီးရှုးတန်ဆောင် ဆိုတဲ့ခေါင်းစဉ်နဲ့ Time မဂ္ဂဇင်း အင်တာနက်စာမျက်နှာမှာ ရေးထားတာပါ။

အိုဘားမားရေးတဲ့ဒေါ်စု
အိုဘားမားရေးတဲ့ဒေါ်စု

အကျဉ်းသားဘဝကနေ လွှတ်တော်အမတ်အဖြစ် ခရီးရှည်ကြီးကို ဖြတ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ရဲ့ပါတီကို ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ပြည်လုံးကျွတ်အနိုင်ရအောင် ဦးဆောင်ခဲ့ပါပြီလို့ သမ္မတအိုဘားမားက ရေးပါ တယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားအစိုးရကို အခု ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေ ပြီလို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီးတော့ နိုင်ငံရဲ့အောင်မြင်မှုဟာ ကာလရှည်ဖြစ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့၊ လူမျိုးစုနဲ့ ကိုးကွယ်ရာဘာသာကွဲအားလုံးက လူတွေအတွက် လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဆိုတာတွေအပေါ် မူတည်နေပါတယ်လို့ သမ္မတ အိုဘားမားက ထောက်ပြထားပါတယ်။ ဒါပေမဲ့လည်း ပိုပြီးကြီးမားတဲ့ အလားအလာတွေနဲ့ ကြွယ်ဝချမ်းသာမှုတွေ ရှိလာမယ့် အနာဂတ်တခုကို ဒီမိုကရေစီက ဖော်ဆောင်ပေးဖို့ အသင့်ဖြစ်နေပါပြီလို့ သမ္မတ အိုဘားမားက ရေးသားထားပါတယ်။

XS
SM
MD
LG