သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း ကျန်းမာရေးချို့တဲ့


(FILES) Myanmar's State Counsellor Aung San Suu Kyi attends attends the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) conference in Naypyidaw on November 22, 2019.
(FILES) Myanmar's State Counsellor Aung San Suu Kyi attends attends the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) conference in Naypyidaw on November 22, 2019.

နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ချို့ယွင်းနေကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဗွီအိုအေကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မူးဝေပြီး ပျို့အန်ခဲ့တဲ့အတွက် အကျဉ်းဦးစီး ဆေးမှူးချုပ်က သွားရောက်ကြည့်ရှုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သွားဖုံးယောင်ပြီး၊ သွားနာနေတဲ့ ဝေဒနာကြောင့် အစားမစားနိုင်ဖြစ်နေတဲ့ အခြေအနေမှာ ပြင်ပသွားဆရာဝန်နဲ့ပြဖို့ ခွင့်တောင်းထားတာကို စစ်ကောင်စီက ပယ်ချခဲ့တယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေက စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အခုချိန်ထိ ဆက်သွယ်လို့ မရနိုင်သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းက ပြစ်ဒဏ်တွေ လျှော့ပေါ့ခဲ့ပေမယ့်၊ နေပြည်တော်အကျဉ်းထောင်မှာ နှစ်ပေါင်း ၃၀ နီးပါး အကျဉ်းချထားဆဲ ဖြစ်ပါတယ်။ သားဖြစ်သူ မောင်ထိန်လင်း (ခေါ်) Kim Aris ကတော့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပေမယ့် အခုချိန်ထိ တွေ့ခွင့်မရသေးကြောင်း ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG