သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ


ဒေါ်စုနှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ
ဒေါ်စုနှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာရောက်နေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။

လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေပါဝင်တဲ့ ကြေညာချက်တစောင်ကို ထုတ်ပြန်ဖို့လည်းရှိပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ဘူတန်နိုင်ငံနဲ့နယ်စပ် အိန္ဒိယဘက်မှာအခြေစိုက်ပြီး နယ်စပ်တွေကို ဖြတ်ကျော်ပြီးတော့ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ လှုပ်ရှားမှုအခြေအနေနဲ့ ကုန်သွယ်ရေးကိစ္စတွေဟာ နှစ်နိုင်ငံကြားဆွေးနွေးပွဲမှာ အဓိကအကြောင်းအရာတွေ ဖြစ်ဖွယ်ရှိပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တောင်ထူထပ်တဲ့ဒေသဟာ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး လက်နက်ကိုင်အုပ်စု ဒါဇင်ပေါင်းများစွာ အခြေစိုက်နေကြပြီးတော့ အဲဒီထဲကတချို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုရဖို့ တောင်းဆို တိုက်ခိုက်နေတာဖြစ်သလို တချို့ကတော့ ခွဲထွက်ရေးအတွက် တိုက်ခိုက်နေကြတာပါ။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့လည်း အစိုးရထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းတွေအရကတော့ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံဘက်က ကျွန်းသစ် တင်ပို့တာကို ပိတ်ပင်လိုက်တာကြောင့် ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးဟာ ၂.၀၁ ဘီလီယံဒေါ်လာကို ကျဆင်းသွားပါတယ်။

XS
SM
MD
LG