သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ KNU တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံ။ (မတ်လ ၂၉-၂၀၁၅) သတင်းဓာတ်ပုံ Credit to NLD Chairperson FB.
ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံ။ (မတ်လ ၂၉-၂၀၁၅) သတင်းဓာတ်ပုံ Credit to NLD Chairperson FB.

ဒီကနေ့ နေပြည်တော်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖော ဦးဆောင်တဲ့ ဦးဆောင်တဲ့ KNU အဖွဲ့ဝင် (၁၁)ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော် က နှင်းဆီနေအိမ်မှာ တွေ့ဆုံကြတဲ့အကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ လည်းဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ခေါင်းဆောင် မူတူးစေးဖော
ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ခေါင်းဆောင် မူတူးစေးဖော

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖောတို့ဟာ အဓိက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြ တာဖြစ်တယ်လို့ ဦးညဏ်ဝင်းက ပြောဆိုပြီး ဆွေးနွေးမှု အသေးစိတ်ကိုတော့ မကြာခင်ထုတ်ပြန်ပါမယ်လို့ ဆိုပါတယ်။

“ ဟုတ်ပါတယ်။ တွေ့တာ မှန်ပါတယ်။ ကျနော် အတိုချုပ် ကျနော် ပြောနိုင်တာကတော့ ငြိမ်းချမ်းရေးကိစ္စပါ။ အဲ့ဒီ့ဟာ သူတို့တွေ့ဆုံပြီးတော့မှ ဒါကို ပြောနိုင်ပါလိမ့်မယ်”

KNU နဲ့ NLD ဆွေးနွေး။
KNU နဲ့ NLD ဆွေးနွေး။

ဒီကနေ့ မတ်လ ၂၉ ရက်နေ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက စတင်ပြီး (၂ ) နာရီကျော်ကြာဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကိစ္စတွေ ၊ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုဖြစ်စဉ်တွေနဲ့ အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အစဉ်ပြေချောမွေ့ရေးကိစ္စများကို ပွင့်လင်းစွာ ဆွေးနွေး နားလည်မှုရရှိခဲ့ကြပြီး ပုံမှန်ဆက်သွယ်တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း ဖော်ပြပါရှိပါတယ်။

တိုင်းပြည်အတွင်း အမှန်တကယ်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ က နှစ်ဖက် ယုံကြည်မှုခိုင်မာအောင် ပွင့်လင်းရိုးသားမှုတွေနဲ့ ဆွေးနွေး ညှိနှိုင်းကြစေလိုပါတယ် လို့ နိုင်ငံရေးအတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မေးမြန်းချက်မှာ ပြောကြားခဲ့ဖူးပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ နဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ဖို့ အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးတွေ ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြီးဆုံးခဲ့တာပါ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ အရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ အစိုးရတို့ ရဲ့(၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို ခြောက်ရက် ကျင်းပခဲ့ပြီးနောက်မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ ဟာ မနက်ဖြန် မတ် ၃၀ရက်နေ့မှာ ပြန်လည်တွေ့ဆုံကြဖို့ရှိပါတယ်။

XS
SM
MD
LG