သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နိုင်ငံခြားရေး တာဝန်ယူပြီ


NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (Photo- NLD chairperson)
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (Photo- NLD chairperson)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့ နိုင်ငံခြားရေးဌာနအပါအဝင် ဝန်ကြီးဌာနတချို့ကို ပူးတွဲကိုင်သွားဖို့ ရှိနေပါတယ်။

အစိုးရသစ်လက်ထက်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီးစာရင်းတွေကို နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ တင်သွင်းလိုက်တာဖြစ်ပါတယ်၊ ပြည်ထောင်စုလွတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက ဒီကနေ့ လွှတ်တော်မှာ ကြေညာလိုက်တဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ပေမယ့်လည်း ဘယ်သူတွေက ဘယ်ဝန်ကြီးဌာနကို ကိုင်တွင်မလဲဆိုတာ တရားဝင် အတည်ပြု ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ဒါပေမယ့်လည်း ထွက်ပေါ်နေတဲ့ စာရင်းတွေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝန်ကြီးဌာန တခုထက်မနည်းကို တာဝန်ယူသွားဖို့ ရှိပါတယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ကို ပူးတွဲယူသွားမယ်လို့ သိရပါတယ်၊ အစိုးရဝန်ကြီးတာဝန်တွေကို ယူမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီလုပ်ငန်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေပါ စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သမ္မတသစ်ဦးထင်ကျော်က လာမယ့် ၅နှစ်တာအတွင်းမှာ ပြည်ထောင်စု အစိုးရဝန်ကြီးဌာနကို ၂၁ ဌာနထား ရှိဖို့ လွှတ်တော်မှာ တင်ပြခဲ့ပြီးနောက်ပိုင်း ဒီကနေ့မှာတော့ ပြည်ထောင်စုဝန်ကြီးအမည်စာရင်းတွေကို ကြေငြာလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ ထုတ်ပြန်ကြေညာတဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်းထဲမှာ NLD ပါတီက ပါတီဝင် ၆ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၂ဦး၊ မွန်အမျိုးသားပါတီက တစ်ဦးနဲ့ ပြင်ပကပညာရှင် ၇ ဦး တို့ပါဝင်ပါတယ်။

XS
SM
MD
LG