နီပေါလ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ဟာ နီပေါ-မြန်မာ နှစ်နိုင်ငံအတွက် သမိုင်းတွင်တဲ့ခရီးစဉ်ဖြစ်တယ်လို့ နီပေါနိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။ လေးရက်ကြာခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို နီပေါအစိုးရနဲ့ လွှတ်တော် တာဝန်ရှိသူတွေသာမက ထောက်ခံသူ ရာပေါင်းများစွာလည်း ကြိုဆိုခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က ခရီးစဉ်နောက်ဆုံးအခြေအနေတွေကို တင်ပြပေးထားပါတယ်။
နီပေါလ်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ခတ္တမနူ္ဓမြို့ကို ရောက်ရှိနေပြီး မနေ့ကတော့ နီပေါလ်သမ္မတ Ram Baran Yadav နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွေ့အကြုံတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မနေ့က ခတ္တမနူ္ဓမှာကျင်းပတဲ့ ဒီမိုကရေစီညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
နီပေါလ်ပြည်သူတွေရဲ့ ချစ်ခင်လေးစာမှုကို ရရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ သမိုင်းတွင်တဲ့ခရီးစဉ်ဖြစ်ကြောင်း နီပေါလ်နိုင်ငံရေးသမားရေးတဦးဖြစ်တဲ့ Mr. Yogendra Sahi ကပြောပါတယ်။
“နီပေါလ်ပြည်သူတွေအတွက်ရော၊ နှစ်နိုင်ငံ ဒီမိုကရေစီဆက်ဆံရေးရှိနေတဲ့ နီပေါလ်နဲ့မြန်မာအတွက်ပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ဟာ တကယ့်ကို သမိုင်းတွင်တဲ့ ခရီးစဉ်ပါ။ အခုနီပေါလ်နိုင်ငံဟာဆိုရင်လည်း ဘုရင်စနစ်ကနေ သမ္မတစနစ်ကို ကူးပြောင်းဖို့ ကြိုးစားနေတဲ့ အချိန်ကာလ၊ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့အချိန်ဖြစ်တာမို့ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိပါတယ်။”
နီပေါလ်လွှတ်တော်မှာ မိန်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရွေးကောက်ပွဲဆိုတာက လွတ်လပ်မှုရှိရုံတင်မဟုတ်ဘဲ တရားမျှတမှုရှိဖို့ပါ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကနေ မြန်မာနိုင်ငံ အပြောင်းအလဲမှာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်စေဖို့ ဝိုင်းဝန်ပံ့ပိုးပေးကြဖို့ ပန်ကြားခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် ရဲရဲဝင့်ဝင့် ရင်ဆိုင်နေမယ့်သူ တဦးလို့ယုံကြည်ကြောင်း Mr. Sahi ကပြောပါတယ်။
“သူ့ရဲ့အနေအထားက အခက်အခဲတွေကြားထဲမှာရောက်နေတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပမေယ်လို့ သူအနေနဲ့ နည်းလမ်းရှာပြီးတော့ ရုန်းထွက်နိုင်လိမ်မယ်လို့ ယုံကြည်ပါတယ်။ အာဏာရှိတဲ့အုပ်စုနဲ့ နားလည်မှုရအောင်ကြိုးစားနေပါတယ်။သူဟာမြန်မာပြည်သူတွေအတွက် အသင့်တော်ဆုံး လို့ထင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေမှာတော့ ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်ရာ နီပေါလ် နိုင်ငံတောင်ပိုင်းက လုဗ္ဗနီကို သွားရောက်ဖို့ စီစဉ်ထားသလို တနင်္လာနေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။