သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည် ခရီးစဉ် ရွှေ့ဆိုင်း


ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း အခမ်းအနား တက်ရောက်စဉ်။ ( ၂၀၁၂ခုနှစ် စက်တင်ဘာ)
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း အခမ်းအနား တက်ရောက်စဉ်။ ( ၂၀၁၂ခုနှစ် စက်တင်ဘာ)

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ သူရ ဦးရွှေမန်းကို ပါတီ ဦးဆောင်မှုကနေ အရေးပေါ် အစည်းအဝေးခေါ် ရာထူးကနေ ဖယ်ရှားလိုက်ပြီးတဲ့ နောက်မှာတော့ သူရ ဦးရွှေမန်းနဲ့ ပုဂ္ဂိုလ်ရေး နီးစပ်သူ လို့ အများက ထင်မြင်ယူဆထားတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း သူမရဲ့ ရှမ်ပြည် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည် ခရီးစဉ်နဲ့ ပတ်သက်လို့တော့ NLD ရှမ်းပြည် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတာမှာ အခုလို စပြောပါတယ်။

ဒေါ်ခင်မိုးမိုး။ ။ နိုင်ငံရေး အခြေအနေတွေကြောင့် ပထမ ၁၄ ရက်နေ့မှာ တောင်ကြီးကို ရောက်မယ်။ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ဆီဆိုင်ကို သွားမယ်။ ဆီဆိုမြို့လေ။ ညနေပိုင်းမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့မယ်။ နောက်ပြီး ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဟိုပုံးကို သွားမယ်။ ပြည်သူလူထုနဲ့ တွေ့မယ်။ အဲဒါပြီးရင် လေယာဉ်နဲ့ ပြန်မယ်လို့ စီစဉ်ထားတယ်။ အခု အဲဒီ အစီအစဉ်ကိုတော့ ရွှေ့လိုက်ပြီပေါ့။

မသိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဘယ်နေ့လောက် သူပြန်စမယ်လို့ရော ပြောထားပါလဲရှင့်။

ဒေါ်ခင်မိုးမိုး။ ။ အဲဒါမှန်းလို့ မရသေးဘူးပေါ့။ အဲဒါက နဂိုတုန်းက ဖိတ်တာက ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက သူတို့ ဒေသကို အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည် မရောက်သေးတဲ့ အတွက်ကြောင့် လာဖို့ ဖိတ်ထားတယ်။ ဖိတ်ထားလို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကတိပေးထားခဲ့တယ်။ လင်းခေး သွားတုန်းကလေ။ လင်းခေးခရီးစဉ်မှာ ကတိပေးခဲ့တယ် သူ သီးခြားလာခဲ့မယ်ဆိုပြီး ကတိပေးခဲ့တာကို လာမယ်ဆိုပြီး စီစဉ်တာ။ အခုတခါ ထပ်ပျက်သွားတာပေါ့။

ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၃ ခု ရှိတဲ့ အထဲမှာ ပင်လောင်း တခုက သူရောက်ပြီးပြီ။ ပင်လောင်း လူထုနဲ့ တွေ့ပြီးပြီ။ ပင်လောင်းက ကယားသွားတုန်းက နေပြည်တော်က ဖြတ်သွားတာကိုး။ အဲတော့ ပင်လောင်း လူထုနဲ့ တွေ့ပြီးပြီ။ ဟိုပုံးနဲ့ ဆီဆိုင်ကို မရောက်သေးဘူး။

မသိင်္ဂ ီထိုက်။ ။ဟု တ်ကဲ့။ အခု နေပြည်တော်မှာ ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပါတီတွင်းမှာ သီးခြား တခုခု အစည်းအဝေး လုပ်တာ ထူးထူးခြားခြား ဘာများ ရှိပါသလဲ။

ဒေါ်ခင်မိုးမိုး။ ။ NLD ပါတီတွင်းမှာတော့ ဘာမှ မရှိပါဘူး။

မသိင်္ဂ ီထိုက် ။ ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဒီကိစ္စ အပေါ်မှာ တခုခုများ ထုတ်ပြောတာ ရှိပါသလား။

ဒေါ်ခင်မိုးမိုး ။ ။ မရှိသေးဘူး။ အဖွဲ့ချုပ်က ကြေညာချက် ဘာညာ ထုတ်တာလဲ မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထုတ်ပြောတာလည်း မရှိသေးဘူး။ CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) အစည်းအဝေးကို မရှိသေးဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည် ခရီးစဉ် အခြေအနေကို NLD ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်မှာ နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရုံးကို လုံခြုံရေး အင်အားသုံးပြီး သူရဦးရွှေမန်းကို ဖယ်ရှားတဲ့ အချိန်မှာတော့ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံသူလို့ ယူဆကြတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေကတော့ ပြင်ဦးလွင်က စစ်တက္ကသိုလ်မှာ ရောက်ရှိနေပါတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG