ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို တက်ရောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကျမ်းမာရေးကွန်ရက်အဖွဲ့ ဒီကနေ့ ရန်ကုန်မြို့ကနေ ထွက်ခွာသွားတဲ့သတင်းဖြစ်ပါတယ်။
မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ကျင်းပမယ့် ကာတာနိုင်ငံ ဒိုဟာမြို့က ကာတာ ဖောင်ဒေးရှင်းကနေ အဓိက ကြီးမှူးပြီး ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ” နှင့်ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ပထမဦးဆုံး ကာတာနိုင်ငံခရီးစဉ်ကို ဒီနေ့စပြီးတော့ထွက်ခွါဖြစ်ပါတယ်။ ခရီးစဉ်ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကတော့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ကျနော်တို့ရဲ့ Chief of Staffs လည်းဖြစ်တဲ့ အမေစုရဲ့ Personal Assistant လည်းဖြစ်တဲ့ ဒေါက်တာတင်မာအောင်ရယ်၊ ဗဟိုအလုပ်အမှုဆောင် စီအီးစီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာအောင်မိုးညိုရယ် ဒီအဖွဲ့ဝင် ၃ဦးပါတဲ့အဖွဲ့ပါတဲ့အဖွဲ့ပါခင်ဗျာ။ ဒီနေ့ နေ့လည်ကနေစပြီးတော့ ခရီးစတင်ထွက်ခွါဖြစ်ပါတယ်။ ကာတာနိုင်ငံ ဒိုဟာခရီးစဉ်ကို သွားဖြစ်ကြတဲ့ အဓိကရည်ရွယ်ချက်ကတော့ အဲဒီ့နိုင်ငံက Her Highness Sheikha Moza bint Nasser သူရယ် ပြီးသွားတော့ Professor Lord Darzi ရယ် သူတို့တွေကနေပြီးတော့Qatar Foundation မှ ဦးစီး ကျင်းပတဲ့ World Innovation Summit for Health အဲဒီ (WISH) Summit ကို တက်ဖို့အတွက်ဖိတ်ကြားလို့ပါ"
ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေးကွန်ရက် တာဝန်ခံတွေကလည်း တက်ရောက်မှာဖြစ်ပါတယ်။ ညီလာခံ အတွင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတကာမှ ပညာရှင်များနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြီး ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ နဲ့ ကျန်းမာရေးဆိုင်ရာတီထွင်ဖန်တီးမှုပြပွဲများကို တက်ရောက်မှာဖြစ်တယ်လို့ ကိုဖြိုးဇေယျာသော်က ပြောပါတယ်။
"ကာတာနေရှင်နယ်ကွန်ဗန်းရှင်း စင်တာမှာ ကျင်းပပြုလုပ်မယ့် (WISH) Summit မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာတော့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ပါတ်သက်လို့ အမှာစကားပြောကြားဖို့ရာရှိပါတယ်။ တစ်ခြားအစီအစဉ်တွေကတော့ ဒီ Summit မှာ ကျင်းပပြုလုပ်တဲ့ ကျန်းမာရေးဆိုင်ရာဆွေးနွေးပွဲတွေ၊ ကျန်းမာရေး ဆိုင်ရာ တီထွင်ဖန်တီးမှုပြပွဲတွေကို တက်ရောက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီဇင်ဘာလ (၁၁)ရက်နေ့မှာတော့ အမေစုအနေနဲ့ Panel Discussion တက်ရောက်ဖို့ရယ်၊ ပြီးတော့ အဆိုပါ WISH) Summit ရဲ့ ပိတ်ပွဲအခမ်းအနားတွေ တက်ရောက်ဖို့ရယ် ဒီအစီအစဉ်တွေရှိပါတယ်ခင်ဗျ။ ၁၂ရက်နေ့မှာတော့ မြန်မာနိုင်ငံကိုပြန်လာပြီး ညနေပိုင်းလောက် မှာတော့ ပြန်ရောက်ပါမယ်။ "
Wish လို့ခေါ်တဲ့The World Innovation Summit for Health ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က သဘာပတိ အနေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး စိတ်ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ခေါင်းစဉ် နဲ့ ဟောပြောမှု တစ်ခုကို ပြုလုပ်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ကျန်းမာရေး ဆရာဝန်လည်း ဖြစ်၊ NLD ကျန်းမာရေး ကွန်ရက် ရဲ့ တာဝန်ရှိသူလည်း ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက ဗွီအိုအေကိုပြောပါတယ်။
NLD ကျမ်းမာရေးကွန်ရက်အဖွဲ့က ဒေါက်တာ တင်မျိုးဝင်း အနေနဲ့လည်း ဆွေးနွေးပွဲအတွင်းမှာ မြန်မာနိုင်ငံမှာ ယဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရဲတပ်ဖွဲ့အမှု ဆိုပြီး စောင့်ဆိုင်းတာတွေ မရှိကြဖို့အပြင် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကျန်းမာရေးစနစ်နဲ့ ပတ်သက်တဲ့ အကြောင်း တင်ပြဆွေးနွေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာမှ ပညာရှင်များနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြီး ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ နဲ့ ကျန်းမာရေးဆိုင်ရာ တီထွင်ဖန်တီးမှုပြပွဲများကို တက်ရောက်မှာဖြစ်ပါတယ်။ အခုသွားရောက်တဲ့ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံး ကာတာနိုင်ငံခရီးစဉ်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို ဒိုဟာမြို့ ကာတာ အမျိုးသား ကုန်သွယ်မှု စင်တာမှာ ပြုလုပ်မှာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက် တာဖြစ်သလို ပြည်တွင်း ကျန်းမာရေး ကိစ္စတွေ ကို အလေးပေး လုပ်ဆောင်လေ့ရှိတဲ့ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရလည်း တက်ရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကျမ်းမာရေးကွန်ယက်အဖွဲ့ဟာဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိမှာဖြစ်ပါတယ်။