သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ဂျပန်သွားမည်


ဒေါ်အောင်ဆန်းစုကြည် ဂျပန် တိုကျိုခရီးစဉ်။ (ဧပြီ ၁၇၊ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည် ဂျပန် တိုကျိုခရီးစဉ်။ (ဧပြီ ၁၇၊ ၂၀၁၃)

မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ဂျပန်အစိုးရ ထိပ်တန်း ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

၅ ရက်ကြာ ဂျပန်ခရီးစဉ်အတွင်း - ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိသလို၊ ဂျပန်ဧကရာဇ် Akihito ကြင်ယာတော် Michiko တို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ရုံး အတွင်းဝန်ချုပ် Yoshihide Suga က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ဒီအလည်အပတ်ခရီးစဉ်က - ဂျပန်-မြန်မာ နှစ်နိုင်ငံကြား သမိုင်းကြောင်းအရ ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးတွေကို - ပိုမို နက်ရှိုင်းစေလိမ့်မယ် လို့လည်း မစ္စတာ Suga က ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးတာဝန်လည်း ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ချိန် - ဧပြီလ ၂၀၁၃ ခုနှစ်မှာ ဂျပန်နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း လူထုထောက်ခံမှုနဲ့ အနိုင်ရရှိခဲ့တဲ့ NLD ပါတီအနေနဲ့ အစိုးရတာဝန်ကို တရားဝင် လက်ခံရယူခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်လာရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် တားမြစ်ထားပေမဲ့လည်း - လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးက - ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်တယောက်လို လုပ်ပိုင်ခွင့်ရှိနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG