သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

 နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့ တွေ့ဆုံ ( ဧပြီ ၁၉-၂၀၁၈)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့ တွေ့ဆုံ ( ဧပြီ ၁၉-၂၀၁၈)

နိုင်ငံတော် ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့မှာတော့ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ်အစနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီယက်နမ်ဝန်ကြီးချုပ်တို့ဟာ ဟနွိုင်မြို့မှာ ၂ နိုင်ငံကြား တယ်လီဖုန်းဆက်သွယ်ရေးနဲ့ သတင်းလုပ်ငန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုလည်း တက်ရောက်ခဲ့ကြတာပါ။

လက်မှတ်ရေးထိုးပွဲ
လက်မှတ်ရေးထိုးပွဲ

ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc ရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိနေစဉ် ၂ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyen Phu Trong ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူထားတဲ့ အစီအစဉ်တွေကို ပြန်လည်သုံးသပ်ကြမှာ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Luan Thuy Duong က ခရီးစဉ် မတိုင်မီမှာပဲ ပြောဆိုထားပါတယ်။

နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း အပါအဝင် ၂ နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအပြင် လူထုအကြား အပြန်အလှန် ဖလှယ်ရေး အစီအစဉ်တွေကိုလည်း ဆွေးနွေးလိမ့်မယ်လို့လည်း မျှော်လင့်ထားကြတာပါ။ ဒေသတွင်း ကိစ္စတွေနဲ့ ပတ်သက်လို့ အမြင်ချင်းဖလှယ်ဖို့ ရှိသလို၊ ၂ နိုင်ငံအကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုတွေ အားကောင်းလာစေမယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးကြမှာဖြစ်ကြောင်း ဗီယက်နမ်သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြုပ်နှံလုပ်ကိုင်ကြတဲ့ နိုင်ငံတွေအနက် အဆင့် ၇ မှာရှိနေပြီး၊ ကုန်သွယ်မှုမှာ အဆင့် ၉ နေရာမှာရှိနေတဲ့ ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာရာက အပြန်အလှန် ကုန်သွယ်မှု ပမာဏဟာ ၂၀၁၆ ခုနှစ်ကထက် ၅၁ ရာခိုင်နှုန်းတိုးပြီး၊ ၂၀၁၇ ခုနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၈၂၈ သန်းကျော် ရှိခဲ့ကြောင်းလည်း တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြကြပါတယ်။

မြန်မာ ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG