သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နီပေါ ရောက်


နီပေါနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြ။ (ဇွန် ၁၃၊ ၂၀၁၄)
နီပေါနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြ။ (ဇွန် ၁၃၊ ၂၀၁၄)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် နီပေါနိုင်ငံ ခတ္တမန္ဒူးမြို့တော်ကို ဒီကနေ့ပဲ ရောက်ရှိ သွားခဲ့ပြီး၊ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံရောက်ရှိ (ဇွန် ၁၃၊ ၂၀၁၄)
ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံရောက်ရှိ (ဇွန် ၁၃၊ ၂၀၁၄)

နီပေါ ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ လေကြောင်းကနေ မွန်းလွဲပိုင်း မှာ ရောက်လာခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နီပေါအစိုးရနဲ့ လွှတ်တော် တာဝန်ရှိသူတွေ သာမက ထောက်ခံသူ ရာပေါင်းများစွာလည်း ကြိုဆိုခဲ့ကြတာပါ။

နီပေါနိုင်ငံမှာ ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဝန်ကြီးချုပ် Sushil Koirala သမ္မတ Ram Baran Yadav တို့အပြင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံပြီး၊ နီပေါနိုင်ငံက ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုကိုလည်း လက်ခံရယူဖို့ စီစဉ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နီပေါဝန်ကြီးချုပ် တွေ့ဆုံ။ (ဇွန် ၁၃၊ ၂၀၁၄)
ဒေါ်အောင်ဆန်းစုကြည်နဲ့ နီပေါဝန်ကြီးချုပ် တွေ့ဆုံ။ (ဇွန် ၁၃၊ ၂၀၁၄)

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါလွှတ်တော်မှာ စကားပြောမှာ ဖြစ်သလို၊ ခတ္တမန္ဒူးမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ဆိုရှယ်လစ် ညီလာခံမှာ တက်ရောက် မိန့်ခွန်းစကားပြောဦးမှာပါ။ ခရီးစဉ်အတွင်း ဗုဒ္ဓဖွားမြင်ရာ လုဗ္ဗနီဥယျာဉ် အပါအဝင် ထင်ရှားတဲ့ နေရာတွေကို သွားရောက် လည်ပတ်မှာ ဖြစ်တယ် လို့လည်း ဒေသခံသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနဲ့ နီပေါနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူထားစဉ် ၁၉၆၂ ခုနှစ်က နီပေါနိုင်ငံကို ပထမဆုံး ရောက်ရှိခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် ၁၉၇၃ ခုနှစ်မှာ ရောက်ရှိစဉ် ခင်ပွန်းဖြစ်သူ၊ သားအကြီးတို့နဲ့အတူ ခတ္တမန္ဒူးမြို့တော်မှာ နေထိုင်ခဲ့ပြီး အင်္ဂလိပ်စာဆရာမအဖြစ်နဲ့ လအတော်ကြာ သင်ကြားပေးခဲ့ဖူးပါတယ်။
XS
SM
MD
LG