သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - စက်တင်ဘာ ၀၂၊ ၂၀၂၀)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - စက်တင်ဘာ ၀၂၊ ၂၀၂၀)

မြန်မာစစ်ကောင်စီ တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည် ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၆ နှစ် စီရင်ချက် ချမှတ်တာဟာ တရားမျှတမှုမရှိတဲ့အတွက် ရှုတ်ချလိုက်ကြောင်း နဲ့ သူကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ဥရောပ သမဂ္ဂ EU ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ အကြီးအကဲ Josep Borrell တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချ

{{Zawgyi/Unicode}}

ဒါအပြင် မြန်မာစစ်ကောင်စီအနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ ပြည်သူလူထု့ဆန္ဒကို လေးစားလိုက်နာဖို့လည်း တိုက်တွန်းကြောင်း Twitter မှာ ရေးသားတောင်းဆိုလိုက်ပါတယ်။

အလားတူ လူ့အခွင့်အရေး စောင့်ကြည်ရေးအဖွဲ့ HRW ကလည်း မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တရားမျှတမှုမရှိတဲ့ တရားစီရင်ရေး နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီအတွက် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN၊ ဥရောပသမဂ္ဂ EU၊ အမေရိကန်နဲ့ တခြား သက်ဆိုင်ရာအစိုးရတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်မြောက်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့လည်း တောင်းဆိုထားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

.............................................


{{Zawgyi/Unicode}}




XS
SM
MD
LG