သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရမှုအခြေအနေ CGI မှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


လူကုန်ကူးခံရမှုအခြေအနေ CGI မှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
လူကုန်ကူးခံရမှုအခြေအနေ CGI မှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

အမေရိကန်သမ္မတဟောင်း Bill Clinton ဦးစီးတဲ့ CGI ခေါ် Clinton Global Initiative နှစ်ပတ်လည်ညီလာခံကို နယူးယောက်ခ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ကစလို့ ၃ ရက်ကြာ ကျင်းပခဲ့ရာမှာ ဒုတိယမြောက်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဘယ်လ်ငြိမ်းချမ်း ရေးဆုရှင် တောင်အာဖရိကဘုန်းတော်ကြီး ဒက်စမွန် တူးတူး တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဆက်သွယ်ရေးဂြိုလ်တုကတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ရာမှာ မြန်မာအမျိုးသမီးလေးတွေ လူကုန်ကူးခံရမှုရှိနေတဲ့အကြောင်းလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရတဲ့အခြေအနေအကြောင်းကို အခုထုတ်လွှင့်မယ့် အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။

XS
SM
MD
LG