သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook မှာ ဒေါ်စုကို ခြိမ်းခြောက်သူ တောင်းပန်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ယူခွင့်မရှိပဲ ဖြစ်နေရတဲ့ ပုဒ်မ ၅၉ (စ)ကိုသာ ပြင်ဆင်မယ်ဆိုရင် သတ်မယ်လို့ အင်တာနက်မှာ ခြိမ်းခြောက်ခဲ့တဲ့ လူငယ်တဦးဟာ အခုနောက်ဆုံး ပါတီကို ကိုယ်တိုင်လာရောက် တောင်းပန် သွားတယ်လို့ NLD ကပြောပါတယ်။ NLD ပါတီအနေနဲ့ ဥပဒေအရ တစုံတရာ အရေးယူဖို့ မရှိပေမဲ့ နောက်နောင် မဖြစ်ရအောင် ကတိပေး လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် ကပြောပြပေးမှာ ဖြစ်ပါတယ်။

ပုဒ်မ ၅၉ (စ) ဆိုင်းငံ့မယ်ဆိုရင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို သေအောင်သတ်မယ်လို့ Facebook လူမှုကွန်ရက် စာမျက်နှာ ကနေ ခြိမ်းခြောက်ခဲ့တဲ့ ရဲလွင်မြင့်နဲ့ မိခင်တို့ လာရောက် တောင်းပန်ခဲ့တာ ဖြစ်တဲ့ အကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ ပါတီအနေနဲ့ တစုံတရာ အရေးယူဖို့ ကြိုးပမ်းမှာ မဟုတ်ပေမဲ့ နောက်နောင် မဖြစ်အောင်လည်း ခံဝန်ကတိထိုးခိုင်းခဲ့တယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

"ပြဿနာတွေဖြစ်တဲ့အခါကျတော့ မနေ့ကတုန်းက သူတို့သားအမိ ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လာပြီးတော့ တောင်းပန်ချင်တယ် လို့ပြောတယ်။ တောင်းပန်မယ်ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်ဖို့ မလိုပါဘူး အဲ့ဒီ့လို အသိညဏ်ဖြစ်လာပြီဆိုလို့ရှိရင် သူ့အနေနဲ့ ဘာမှ အရေးယူစရာအကြောင်းလည်း မရှိဘူး။ အဲ့ဒီ့လို အသိလေး ဝင်လာတာ ကျေနပ်ပါတယ်။ ဝမ်းသာပါတယ်။ အဲ့တာကြောင့်မို့လို့ ရန်ကုန်မှာ ရှိတဲ့ ဥပဒေကြောင်းအရ ကျွမ်းကျင်မှုရှိတဲ့ ဦးဉာဏ်ဝင်းနဲ့သွားတွေ့ပြီးတော့ အကျိုးအကြောင်းပြောပြပြီးတော့ တောင်းပန်တယ်ဆိုတဲ့အကြောင်း စာရေးပြီးတော့ လက်မှတ်ထိုးခိုင်းလိုက်တဲ့ဟာကို ဒီကနေ့ညနေ သုံးနာရီလောက်က လက်မှတ်ထိုးပြီးပြီလို့ပြောတယ်။ သူတို့သားအမိက ရွှေဂုံတိုင် အနောက်ရွှေဂုံတိုင်လမ်းရုံးချုပ်မှာ ဦးဉာဏ်ဝင်းကို လာတွေ့ပြီးတော့ သူလုပ်ခဲ့တာ မှားပါတယ်ဆိုတဲ့ အကြောင်း လက်မှတ်ထိုးသွားတယ်လို့ပြောတယ်။ အဲ့ဒီ့စာရွက်က ကျနော့်ဆီရောက်နေပြီ။"

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေအကြား စိုးရိမ်မှုတွေလည်း ရှိခဲ့တာပါ။ ဦးဝင်းထိန် ကတော့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် အတတ်နိုင်ဆုံး အစီအမံတွေ ချမှတ်ထားတယ်လို့ပြောပါတယ်။

" ကျေျနာ်ကတော့ အကုန်လုံးစိတ်ပူနေတာကို ကိုယ်ချင်းလည်း စာတယ်။ သဘောလည်းပေါက်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကိစ္စတော့ ဘာမှ မပြောပါရစေနဲ့။"

တချိန်တည်းမှာပဲ မန္တလေးမြို့က တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုသိန်းအောင်မြင့်ကတော့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၇) ရဲစခန်းမှာ အမှုဖွင့်ဖို့ပြင်ဆင်နေပါတယ်။

XS
SM
MD
LG