မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တနင်္ဂနွေနေ့တုန်းက တွေ့ဆုံခဲ့ပါတယ်။
ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 နိုင်ငံတကာ ညီလာခံရဲ့ ဘေးပန်းမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ သီးခြား တွေ့ဆုံခဲ့တာဖြစ်တယ်လို့ Forum 2000 ညီလာခံ ပြောခွင့်ရသူက AFP သတင်းဌာနကို အတည်ပြုပြောခဲ့ပါတယ်။
အခုလို တွေ့ဆုံမှုဟာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကို မကျေမချမ်းဖြစ်ဖွယ် ရှိတယ်လို့လည်း သတင်းတွေမှာ သုံးသပ်ရေးသားကြပါတယ်။ တရုတ်နိုင်ငံအနေနဲ့က ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိဘက်ခွဲထွက်ရေးသမား ဖြစ်တယ်လို့ စွပ်စွဲပြီး၊ သူနဲ့ အခြားနိုင်ငံတကာခေါင်းဆောင်တွေ သံတမန်တွေ တွေ့ကြတဲ့အခါ ကန့်ကွက်ပြောဆိုလေ့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားတို့နှစ်ဦး ဒါဟာ ဒုတိယအကြိမ် တွေ့ဆုံတာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် လန်ဒန်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၅ ရက်ကစပြီး ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 နိုင်ငံတကာ ညီလာခံဖွင့်ပွဲမှာ မိန့်ခွန်းပြောဆိုခဲ့သလို၊ Forum 2000 ကို စပြီး ကမကထ ပြုခဲ့သူဖြစ်တဲ့ ကွယ်လွန်သူ ချက်သမ္မတဟောင်း Václav Havel ကိုလည်း သတိရ ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။
ညီလာခံ ဒုတိယနေ့ဖြစ်တဲ့ မနေ့ တနင်္လာနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညီလာခံရဲ့ ဆွေးနွေးပွဲတခုအတွင်း ကောင်းမွန်တဲ့ အရပ်ဘက်အုပ်ချုပ်ရးနဲ့ ပတ်သက်လို့ ဟောပြောဆွေးနွေးခဲ့သလို၊ ချက်ပြည်သူသမ္မတနိုင်ငံ သမ္မတ Milos Zeman နဲ့လည်း သမ္မတအိမ်တော်မှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။