သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို နှစ်ကုန်သွားမည်


Photo Credit: US Embassy Rangoon
Photo Credit: US Embassy Rangoon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်နှစ်ကုန်ပိုင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပဖို့ရှိတဲ့ (၇၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာအစိုးရ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်သမ္မတ Barack Obama ကလည်း သူသမ္မတသက်တမ်း မကုန်ဆုံးခင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားတဲ့စာကို မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ဆုံစဉ် ပေးအပ်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့်ရက်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေမယ့် ခေါင်းဆောင် ၂ ဦး တွေ့ဆုံမယ့် အသေးစိတ် အစီအစဉ်တွေကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြား ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံ ခေါင်းဆောင်အဖြစ်နဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ၁၈ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့ပြီး သမ္မတ Barack Obama အပြင် အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Hillary Clinton နဲ့ တခြား အဆင်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ ခရီးစဉ်အတွင်း Congressional Gold Medal လို့ခေါ်တဲ့ အမေရိကန်အစိုးရက အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆုကို လက်ခံ ရယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG