သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ပို့ဆောင်ရေးလေယာဉ် ထားဝယ်အနီးမှာ ပျောက်ဆုံး


myanmar military plane missing
myanmar military plane missing

တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ တပ်မတော်ပို့ဆောင်ရေး လေယာဉ်တစင်း ပျောက်ဆုံးနေပြီး၊ ရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြိတ်ကနေ မွန်းလွဲ ၁နာရီကျော်မှာ ထွက်ခွာသွားတဲ့ တပ်မတော်ပို့ဆောင်ရေး လေယာဉ်ဟာ ရန်ကုန်အသွား ထားဝယ်အနီးပတ်ဝန်းကျင်မှာ ဆက်သွယ်မှု ပြတ်တောက်သွားတာဖြစ်ကြောင်း မြိတ်လေကြောင်းထိမ်းသိမ်းရေးစခန်းက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ လေယာဉ်ပေါ်မှာ စစ်သည်/ တပ်မတော်မိသားစုဝင် ၁၀၆ ဦး နဲ့ လေယာဉ်ဝန်ထမ်း ၁၄ ဦး ပါဝင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက် အရတော့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဟာ ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း သက်သာချောင်ချိရေး ပစ္စည်းတွေနဲ့ ခရီးသည်တွေကို သယ်ဆောင်လာကြောင်း ဖော်ပြပါတယ်။

လေယာဉ်အပိုင်းအစအချို့ကို ထားဝယ်အနီး ပင်လယ်ပြင်မှာ တွေ့ရှိရတယ်လို့ ခိုင်လုံတဲ့သတင်းတွေကို ဗွီအိုအေက ရရှိထားပေမဲ့ ဒါပေမဲ့ တပ်မတော်ဖက်ကရော လေကြောင်းထိမ်းသိမ်းရေး တာဝန်ရှိသူတွေ ထံကပါ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ လေယာဉ်ပျံသန်းစဉ် အနီးပတ်ဝန်းကျင်မှာ ရာသီဥတု ဆိုးဆိုးဝါးဝါးမရှိဘူးလို့လည်း မြိတ်လေကြောင်း ထိန်းသိမ်းရေးစခန်းက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG