သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ တည်ဆောက်မယ့် ထားဝယ်အထူးစီးပွားရေးဇုံစီမံကိန်းဟာ ဒေသအတွက်ကော၊ တစ်နိုင်ငံလုံးအတွက်ပါ အကျိုးရှိမယ့်စီမံကိန်းဖြစ်တယ်ဆိုတာကို ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က သဘောတူပါတယ်။

ဒါပေမဲ့လည်း စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ဒေသခံတွေ နစ်နာရတဲ့ကိစ္စတွေကို စနစ်တကျ ထောက်ပံ့ဖြေရှင်းပေးစေချင်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမယ့်ကိစ္စကိုလည်း အလေးအနက် ထည့်သွင်းစဉ်းစားစေချင်ကြပါတယ်။

ဒီ ထားဝယ် အထူး စီးပွားရေးဇုံနဲ့ပတ်သက်လို့ စီမံကိန်းကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းရေးမှူး တစ်ဦးဖြစ်သူ ကိုရဲကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
XS
SM
MD
LG