သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ၊ ထိုင်းနဲ့ ဂျပန်တို့ ထားဝယ်စီးပွားရေးဇုန် လက်မှတ်ထိုးမည်

မြန်မာနိုင်ငံတောင်ဘက်ခြမ်း ထားဝယ်မှာ အထူးစီးပွားရေးဇုန် ပူးတွဲတည်ထောင်ဖို့အတွက် ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ဟာ လာမယ့် ဇူလိုင်လထဲမှာ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးကြလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ သိရကြောင်း The Japan News Online သတင်းစဉ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

ထိုင်းကြားဖြတ်အစိုးရ ဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ အကြံပေးအရာရှိ Hirito Izumi တို့ တနင်္လာနေ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြရာမှာ ဂျပန်အစိုးရအနေနဲ့ ဒီသဘောတူ လက်မှတ်ရေးထိုးပွဲကို ဇူလိုင်လမှာ ပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့် ထားကြောင်း ပြောခဲ့တယ်လို့ ထိုင်းအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ က ပြောဆိုပါတယ်။

Mr. Izumi ဟာ ထိုင်းဒုတိယဝန်ကြီးချုပ် Pridiyathorn Devakula နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး၊ ဂျပန်နိုင်ငံဟာ ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းအတွက် ထိုင်းနဲ့ မြန်မာအစိုးရတို့ကြား အထူးရည်ရွယ် ပူးတွဲ တည်ထောင်ထားတဲ့ ကုမ္ပဏီမှာ ပူးပေါင်းပါဝင်မှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG