သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီနိုင်ငံ တောမီးလောင်ကျွမ်းမှု အနည်းဆုံး ၄၆ ဦးသေ


A resident flees an encroaching forest fire in Vina del Mar, Chile, Feb. 3, 2024.
A resident flees an encroaching forest fire in Vina del Mar, Chile, Feb. 3, 2024.

ချီလီနိုင်ငံ အလယ်ပိုင်းက လူဦးရေထူထပ်တဲ့နေရာမှာ တောမီးအပြင်းအထန် လောင်ကျွမ်းမှုကြောင့် အနည်းဆုံး ၄၆ ယောက် သေဆုံးပြီး၊ အိမ်ခြေ ၁,၁၀၀ ကျော်ထက်မနည်း ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံတွေအတွက် မီးအန္တရာယ် ခြိမ်းခြောက်မှု အဆိုးဆုံး နေရာတွေကို အရောက်သွားနိုင်ဖို့လည်း မီးသတ်သမားတွေ အပြင်းအထန် ကြိုးပမ်းနေကြတာပါ။

Valparaiso ဒေသက တောမီးလောင်ကျွမ်းတဲ့ နေရာ ၄ ခုမှာ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း ချီလီသမ္မတ Gabriel Boric က နိုင်ငံကိုပြောတဲ့ မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို လိုက်နာဖို့လည်း သမ္မတက တိုက်တွန်းခဲ့တာပါ။ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒီသီတင်းပတ်ထဲ ပုံမှန်ထက် အပူချိန် လွန်ကဲနေချိန်မှာ ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တောမီးလောင်ကျွမ်းမှု ၉၂ ခု ရှိခဲ့ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG