သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဒေလီမြို့တော် ဘူတာရုံမှာ လူအုပ်ပိရာက အနည်းဆုံး ၁၈ ဦး သေဆုံး


အိန္ဒိယနိုင်ငံမြောက်ပိုင်းက Prayagraj မြို့မှာ ကျင်းပနေတဲ့ Kumbh Mela ဟိန္ဒူဘာသာရေးပွဲတော်တွင် လူအုပ်ကြီး (REUTERS/Adnan Abidi)
အိန္ဒိယနိုင်ငံမြောက်ပိုင်းက Prayagraj မြို့မှာ ကျင်းပနေတဲ့ Kumbh Mela ဟိန္ဒူဘာသာရေးပွဲတော်တွင် လူအုပ်ကြီး (REUTERS/Adnan Abidi)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ရထားဘူတာရုံတခုမှာ လူအုပ်ပြိုရာက သေဆုံးသူ ၁၈ ယောက်ထက်မနည်း ရှိတယ်လို့ အာဏာပိုင်တွေနဲ့ သတင်းတွေက ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်တဲ့ ဟိန္ဒူဘာသာရေးပွဲတော်အတွက် ရထားနဲ့ သွားမယ့်သူတွေ များလွန်းပြီး တိုးဝှေ့ရာက စနေနေ့နှောင်းပိုင်းမှာ လူအုပ်ပိခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းက Prayagraj မြို့မှာ ၁၂ နှစ်တကြိမ် ကျင်းပတဲ့ Kumbh Mela ဟိန္ဒူဘာသာရေးပွဲတော်ကို လူတွေ သန်းနဲ့ချီ သွားရောက်လေ့ရှိသလို၊ လူတွေများလွန်းတာကြောင့် မတော်တဆမှုတွေလည်း ကြုံရလေ့ရှိတာပါ။ ပြီးခဲ့တဲ့လကကလည်း ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ် ပေါင်းဆုံတဲ့နေရာမှာ ကျင်းပခဲ့တဲ့ ဟိန္ဒူဘာသာရေးပွဲတော်အတွင်း လူအုပ်ပိတာကြောင့် ၃၀ ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

နယူးဒေလီက ဘူတာရုံမှာ အခုဖြစ်ခဲ့တဲ့ လူအုပ်ပိသေဆုံးမှုကတော့ လူတွေက ဟိန္ဒူဘာသာရေးပွဲတော်ကို သွားဖို့အတွက် ရထားမီအောင် အတင်းတိုးဝှေ့ရာကနေ လူအုပ်ပိပြီး တက်နင်းမိတာတွေ ဖြစ်ပုံရပါတယ်။

ဆေးရုံမှာ သေတဲ့သူ ၁၅ ယောက်ရှိပြီး၊ အဲဒီလူတွေဟာ ပြင်ပထိခိုက်ကွဲရှတဲ့ ဒဏ်ရာတွေကြောင့် မဟုတ်ဘဲ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားတာ ဖြစ်နိုင်ကြောင်း နယူးဒေလီမြို့က Lok Nayak ဆေးရုံက တာဝန်ရှိသူတဦးက AFP သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

Forum

XS
SM
MD
LG