သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဓာတ်ငွေ့ပိုက် ပေါက်ကွဲ ၁၄ ဦးသေ


Andhra Pradesh ပြည်နယ်အတွင်းက ဂစ်ကုမ္ပဏီတွင်း ဓာတ်ငွေ့ပိုက်ပေါက်ကွဲစဉ်။ (ဇွန် ၂၇၊ ၂၀၁၄)

အိန္ဒိယနိုင်ငံ တောင်ပိုင်း မှာ အစိုးရပိုင် ဓာတ်ငွေ့ပိုက်လိုင်းတခု ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရတယ် လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ အန်ဒရာပရာဒေ့ရှ် (Andhra Pradesh) ပြည်နယ် အရှေ့ ဂေါ့ဒါဗာရီ (Godavari) ဒေသမှာ ရှိတဲ့ အိန္ဒိယ ဂစ် ကုမ္ပဏီ ရဲ့ ပိုက်လိုင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာ လို့တာဝန်ရှိသူတွေ က ပြောပါတယ်။ ဒီကနေ့ သောကြာနေ့ မနက်ပိုင်းမှာဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် မီးတောက်ကြီးတွေ ထွက်ပေါ်ခဲ့ပြီး အနီးအနား ကျေးရွာတွေက နေအိမ်တွေ လောင်ကျွမ်းခဲ့ရပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်း ဘာကြောင့် ပေါက်ကွဲခဲ့ရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုတွေ ထပ်တူ ၀မ်းနည်းရပါကြောင်း အိန္ဒိယ ၀န်ကြီးချုပ် နရိန်ဒရာ မိုဒီက ပြောပါတယ်။ စွမ်းအင်ဝန်ကြီးနဲ့အတူ တခြား အစိုးရ အရာရှိတွေနဲ့လည်း သူ စကားပြောဆိုခဲ့ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ အကူအညီတွေ ချက်ချင်း ပေးသွားဖို့ ညွှန်ကြားခဲ့တဲ့ အကြောင်းလည်း သူ့ရဲ့ တွီတာ လူမှုကွန်ယက် စာမျက်နှာမှာ အိန္ဒိယ၀န်ကြီးချုပ်က ရေးသားထားပါတယ်။

အခုလ အစောပိုင်း တုန်းကလည်း စစ်တကောင်း (Chhattisgarh) ပြည်နယ် အလယ်ပိုင်း က အစိုးရပိုင် သံမဏိ စက်ရုံတစ်ခုမှာ အဆိပ်ရှိတဲ့ ဂစ်တွေ ယိုစိမ့်မှုကြောင့် လူ ၆ ဦးသေဆုံးခဲ့ရပါသေးတယ်။

XS
SM
MD
LG