သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပမုန်တိုင်း ၁၃ ဦးထက်မနည်း သေဆုံး


တနင်္လာနေ့တုန်းက မိုင် ၁၀၀ နှုန်းရှိတဲ့ မုန်တိုင်းကြီးတခု ဗြိတိန်တောင်ပိုင်း၊ နယ်သာလန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတို့ကို ဖြတ်သန်းတိုက်ခိုက်သွားတဲ့အတွက် သစ်ပင်တွေလဲ၊ မြေနိမ့်ပိုင်းတွေ ရေကြီးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရပါတယ်။

လူပေါင်း ၁၃ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဗြိတိန်နိုင်ငံမှာဆိုရင် ၅ နှစ်တာကာလအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ဒီမုန်တိုင်းကြီးကြောင့် လူ ၂ ဦး သစ်ပင်ပိ သေဆုံးသွားပြီး ကလေးငယ် ၁ ဦးလည်းပဲ သေဆုံးသွားခဲ့ပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်မှာ အိမ်ပေါင်း ၅ သိန်းကျော် လျှပ်စစ် ပြတ်တောက်သွားခဲ့ပေမဲ့
နောက်ပိုင်းမှာတော့ ထောင်ချီတဲ့အိမ်တွေကို ပြန်ပြီး မီးပေးနိုင်ခဲ့ပါတယ်။ လန်ဒန် Heathrow လေဆိပ်မှာလည်း လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်းခဲ့ရပါတယ်။

ဒီမုန်တိုင်းကို တရားဝင် နာမည်ပေးထားတာ မရှိသေးပေမဲ့ အပျက်အစီးတွေနဲ့ ဆက်စပ်မှုရှိနေတဲ့ သူတော်စင် St. Jude ရဲ့ နာမည်အတိုင်း St. Jude မုန်တိုင်းလို့ လူမှုရေးမီဒီယာကွန်ယက်တွေမှာ ဖော်ပြနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG