သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တောင်ပိုင်း လေမုန်တိုင်းကြောင့် သေဆုံးသူ ၂၆ ဦးအထိ တိုးလာ


Firefighters carry a woman out of a condo after her complex was damaged by a tornado, March 31, 2023 in Little Rock, Ark. Tornadoes damaged homes, vehicles and uprooted trees.
Firefighters carry a woman out of a condo after her complex was damaged by a tornado, March 31, 2023 in Little Rock, Ark. Tornadoes damaged homes, vehicles and uprooted trees.

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တချို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ အင်အားပြင်း လေဆင်နှာမောင်းတွေ ဆက်တိုက် ဝင်ရောက်ခဲ့ရာကနေ ပြည်နယ် ၆ ခုမှာ သေဆုံးသူ ၂၆ ယောက်ထက် မနည်း သေဆုံးမှုရှိတဲ့အကြောင်း အစိုးရအရာရှိတွေက ဒီကနေ့ ပြောပါတယ်။

လေမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ Tennessee ပြည်နယ် တခုတည်းမှာတင် သေဆုံးသူ ၉ ဦးအထိ တိုးလာတဲ့အကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။ သစ်ပင်တွေ အမြစ်ကကျွတ်ထွက်ခဲ့သလို၊ နေအိမ်တွေ၊ ဈေးဆိုင်တွေ၊ မော်တော်ကားတွေနဲ့ အဆောက်အဦး အများအပြား ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ရပါတယ်။

သိန်းနဲ့ချီတဲ့ပြည်သူတွေ လျှပ်စစ်မီး မရှိဘဲ နေ နေကြရပါတယ်။ မုန်တိုင်းကြောင့် သေဆုံးမှုအများဆုံးက Tennessee ပြည်နယ်မှာဖြစ်ပြီး၊ Arkansas ၊ Indiana ၊ Illinois ၊ Alabama နဲ့ Mississippi စုစုပေါင်း ပြည်နယ် ၆ ခုမှာ သေဆုံးသူတွေ ရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် ဖြတ်သန်းအားပျော့သွားတဲ့ လေမုန်တိုင်းကြောင့် အရှေ့ခြမ်းပြည်နယ်တွေမှာလည်း စနေနေ့ညကနေ ဒီကနေ့ တနင်္ဂနွေ မနက် အစောပိုင်းအထိ လျှပ်စီးတွေလျှပ်ပြီး တနာရီ မိုင် ၆၀ ကျော် ၇၀ နှုန်းနဲ့ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။

=== Unicode ====





XS
SM
MD
LG