သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် လူသေဆုံးမှု တနှစ် အတွင်း ၂ဆတိုး


အီရတ်နိုင်ငံတွင်း အသေခံဗုံးခွဲမှုကြောင့် သေဆုံးရသူများ။
အီရတ်နိုင်ငံတွင်း အသေခံဗုံးခွဲမှုကြောင့် သေဆုံးရသူများ။

အီရတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း အရပ်သားနဲ့ လုံခြုံရေးဝန်ထမ်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်ဆိုတာ အစိုးရ ကိန်းဂဏန်း တွေက ပြနေ တာကြောင့် ဒါဟာဖြင့် ၂၀၀၇ ခုနှစ်ကတည်းကဆိုရင် အသေအပျောက် အများဆုံးနှစ်ဖြစ်ပါတယ်။

ကျန်းမာရေး၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေ ပူးတွဲပြုစုထားတဲ့ ကိန်းဂဏန်းအရ သေဆုံးသူအရေအတွက်ဟာ ၁၅၅၃၈ ဦး ရှိပါတယ်။ ဆွန်နီ-ရှီးယား ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေ အမြင့်ဆုံးဖြစ်တဲ့ ၂၀၀၇ ခုနှစ်က သေဆုံးသူ ၁၇၉၅၆ ဦး ရှိတာပါ။

၂၀၁၃ ခုနှစ်က သေဆုံးသူအရေအတွက် ၆၅၂၂ ဦးရှိတာမို့ ပြီးခဲ့တဲ့နှစ် အတွင်း သေဆုံးသူဟာ နှစ်ဆကျော် ပိုများပါတယ်။
အီရတ်က အကြမ်းဖက် တိုက်ခိုက်မှုတွေကို စောင့်ကြည့်လေ့လာတဲ့ ဗြိတိန်အခြေစိုက် Iraq Body Count သီးခြားလွတ်လပ်တဲ့ အဖွဲ့ကထုတ်ပြန်တဲ့ ၂၀၁၄ ခု သေဆုံးသူအရေအတွက်က ပိုများပြီး ၁၇၀၇၃ ဦးရှိပါတယ်။

ဂိုဏ်းဂဏကွဲတိုက်ခိုက်မှုတွေနဲ့ IS အစွန်းရောက်အဖွဲ့ရဲ့ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက် အခုလောက်ထိ တိုးလာတာပါ။
IS အစွန်းရောက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၁၄ ခုနှစ်ဟာ အီရတ်နိုင်ငံသားတွေ အတွက် အခက်ခဲဆုံးနဲ့ အနာကျင်ရဆုံး နှစ်တနှစ်ဖြစ်တယ်လို့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi က နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ IS အစ္စလာမ် အစွန်းရောက်အဖွဲ့ဟာ အခုဆိုရင် အီရတ်ပြည်နယ်ငါးခုက ဒေသအများအပြားကို ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

XS
SM
MD
LG