သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ကူးတို့သင်္ဘော နစ်မြုပ်မှု သေဆုံးသူ ၅၀ ရှိပြီ


ဖိလစ်ပိုင် ကူးတို့သင်္ဘောနှစ်မြုပ်မှု (ဇူလိုင် ၃၊ ၂၀၁၅)
ဖိလစ်ပိုင် ကူးတို့သင်္ဘောနှစ်မြုပ်မှု (ဇူလိုင် ၃၊ ၂၀၁၅)

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ခရီးသည်တင် ကူးတို့ယာဉ် တိမ်းမှောက်မှု မှာ သေဆုံးသူ အရေအတွက်ဟာ အခုဆိုရင် ၅၀ ဦးထိရှိသွားပြီး လူငါးဦးထက် မနည်းပျောက်ဆုံးနေဆဲပါ။ Ormoc မြို့ကနေ Camotes ကျွန်းကိုအသွား ဒီကူးတို့ယာဉ် တိမ်းမှောက်ခဲ့တာမှာ ခရီးသည် ၁၃၄ ယောက်ထက် မနည်း ကတော့ အချိန်မီ ကယ်ဆယ်ခံရတာ ဒါမှမဟုတ် ကမ်းခြေကို ရေကူးသွားပြီး အသက်ဘေးက လွတ်မြောက်ခဲ့ကြပါတယ်။

ကနဦးအဆင့် စုံစမ်းစစ်ဆေးမှုတွေ အရကတော့ ရာသီဥတု ဆိုးရွားမှုကြောင့်ရော၊ တခြား လူတွေကြောင့်ဖြစ်တဲ့ အမှားတွေကြောင့်ပါ ဒီကူးတို့ယာဉ် တိမ်းမှောက် ခဲ့ရတာလို့ ဆိုပါတယ်။ ရာသီဥတု ဆိုးရွားနေတဲ့ကြားမှာပဲ ဒီကနေ့မှာ သေဆုံးသူ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

သင်္ဘောဟာ ညာဘက်ကို ကွေ့လိုက်စဉ်မှာ အင်အားပြင်းတဲ့လှိုင်းလုံးကြီးတွေရဲ့ ရိုက်ပုတ်တဲ့ဒဏ်ကို ခံရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အဲဒီနောက် ခရီသည်တွေဟာ သင်္ဘောတဖက်ခြမ်းကို စုပြုံရောက်ရှိတာကြောင့် စောင်းပြီး နစ်မြှပ်သွားတာဖြစ်ပါတယ်။ ဒီကနေ့မှာပဲ ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်သားတွေဟာ သင်္ဘောကို ကရိန်းနဲ့မခဲ့ပါတယ်။

XS
SM
MD
LG