သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီး ေရႀကီးေျမၿပိဳမႈ ေသဆံုးသူ ၆၀ နီးပါးရိွ


ဘရာဇီးႏိုင္ငံမွာ မိုးအျပင္းအထန္႐ြာၿပီး ေရႀကီးေျမၿပိဳတာေၾကာင့္ ေသဆုံးရသူ စုစုေပါင္းဟာ မေန႔က ေသာၾကာေန႔ ေႏွာင္းပိုင္းအထိ ၆၀ နီးပါး ႐ိွလာၿပီလို႔ အစိုးရက ထုတ္ျပန္ပါတယ္။ ႏိုင္ငံအေရွ ႔ေတာင္ပိုင္း ကမ္း႐ိုးတမ္းေဒသက Sao Paulo ျပည္နယ္မွာ ၿပီးခဲ့တဲ့ စေနနဲ႔ တနဂၤေႏြေန႔ကစလို႔ မိုးအႀကီးအက်ယ္ ႐ြာၿပီးေရႀကီး ေျမၿပိဳတာေတြ ၾကဳံေနရတာပါ။

ေနာက္ထပ္ မိုးဆက္႐ြာႏိုင္ေသးတယ္လို႔လည္း Sao Paulo ျပည္နယ္အစိုးရရဲ႕ မိုးေလဝသဌာနက ခန္႔မွန္းထားပါတယ္။ ေပ်ာက္ဆုံးေနသူ အမ်ားအျပားကိုလည္း အေရးေပၚ ႐ွာေဖြကယ္ဆယ္တာေတြ ဆက္လုပ္ေနၿပီး လူေပါင္း ၄၀၀၀ ေက်ာ္ကိုလည္း သူတို႔အိမ္ေတြကေန ေျပာင္းေ႐ႊ႕ေပးထားရတယ္လို႔ အစိုးရ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုလို သဘာဝေဘး ၾကဳံေနရတဲ့ ေဒသေတြမွာ ေဆး႐ုံေဆးခန္းေတြနဲ႔ လမ္းမေတြေပၚမွာ လူေတြျပည့္ၿပီး ေရနဲ႔ စားနပ္ရိကၡာ မလုံေလာက္တာေတြ မျဖစ္ရေလေအာင္ အခုခ်ိန္မွာ အဲ့ဒီေဒသေတြကို သြားလာတာေတြ မလုပ္ၾကဖို႔လည္း ျပည္နယ္အစိုးရက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ သဘာဝေဘးသင့္ေနတဲ့ ကမ္း႐ိုးတန္းေဒသမွာ အစားအေသာက္နဲ႔ ဆီ အပါအဝင္ တျခားအမ်ားသုံး ကုန္ပစၥည္းေတြကို ေစ်းတင္မေရာင္းၾကဖို႔ စည္းမ်ဥ္းစည္းကမ္းတခ်ဳိ ႔ကိုလည္း ျပည္နယ္အစိုးရက ထုတ္ျပန္ထားၿပီး၊ ေရတပ္ကလည္း ေဆး႐ုံသေဘၤာနဲ႔ ရဟတ္ယာဥ္သံုးၿပီး လူနာနဲ႔ ပစၥည္းပို႔ေဆာင္မႈေတြ အေရးေပၚလုပ္ေပးေနပါတယ္။

=== Unicode ====

ဘရာဇီးနိုင်ငံမှာ မိုးအပြင်းအထန်ရွာပြီး ရေကြီးမြေပြိုတာကြောင့် သေဆုံးရသူ စုစုပေါင်းဟာ မနေ့က သောကြာနေ့ နှောင်းပိုင်းအထိ ၆၀ နီးပါး ရှိလာပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတမ်းဒေသက Sao Paulo ပြည်နယ်မှာ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့ကစလို့ မိုးအကြီးအကျယ် ရွာပြီးရေကြီး မြေပြိုတာတွေ ကြုံနေရတာပါ။

နောက်ထပ် မိုးဆက်ရွာနိုင်သေးတယ်လို့လည်း Sao Paulo ပြည်နယ်အစိုးရရဲ့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ပျောက်ဆုံးနေသူ အများအပြားကိုလည်း အရေးပေါ် ရှာဖွေကယ်ဆယ်တာတွေ ဆက်လုပ်နေပြီး လူပေါင်း ၄၀၀၀ ကျော်ကိုလည်း သူတို့အိမ်တွေကနေ ပြောင်းရွှေ့ပေးထားရတယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို သဘာဝဘေး ကြုံနေရတဲ့ ဒေသတွေမှာ ဆေးရုံဆေးခန်းတွေနဲ့ လမ်းမတွေပေါ်မှာ လူတွေပြည့်ပြီး ရေနဲ့ စားနပ်ရိက္ခာ မလုံလောက်တာတွေ မဖြစ်ရလေအောင် အခုချိန်မှာ အဲ့ဒီဒေသတွေကို သွားလာတာတွေ မလုပ်ကြဖို့လည်း ပြည်နယ်အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သဘာဝဘေးသင့်နေတဲ့ ကမ်းရိုးတန်းဒေသမှာ အစားအသောက်နဲ့ ဆီ အပါအဝင် တခြားအများသုံး ကုန်ပစ္စည်းတွေကို ဈေးတင်မရောင်းကြဖို့ စည်းမျဉ်းစည်းကမ်းတချို့ကိုလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပြီး၊ ရေတပ်ကလည်း ဆေးရုံသင်္ဘောနဲ့ ရဟတ်ယာဉ်သုံးပြီး လူနာနဲ့ ပစ္စည်းပို့ဆောင်မှုတွေ အရေးပေါ်လုပ်ပေးနေပါတယ်။

XS
SM
MD
LG