သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာချေးမြေငလျင် လူအနည်းဆုံး ၂၄ ဦးသေဆုံး


အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းမှာ ပြင်းအား ၆ ဒဿမ ၂ ရှိတဲ့ ငလျင်လှုပ်သွားခဲ့တဲ့အတွက် အနဲဆုံး လူ ၂၂ ဦး သေဆုံးပြီး ၂၀၀ ကျော် ထိခိုက် ဒဏ်ရာရသွားတယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

အာချေးဒေသထဲမှာတင် လူနေအိမ်နဲ့ တခြား အဆောက်အဦး ၁၅၀၀ လောက် ပျက်ဆီးသွားတယ်လို့ အင်ဒိုနီးရှား အရေးပေါ် ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။

Bener Meriah ဒေသမှာ မြေပြိုမှုနဲ့ အဆောက်အဦးတွေ ပြိုကျခဲ့တာကြောင့် လူ ၁၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အာချေးဒေသမှာတော့ လူ ၁၀ ဦး သေဆုံးပြီး ၁၄၀ လောက် ထိခိုက် ဒဏ်ရာရသွားပါတယ်။ ရာနဲ့ချီတဲ့သူတွေကိုလည်း ဘေးလွတ်ရာ ရွေ့ပြောင်းပေးထားရတယ်လို့ ဆိုပါတယ်။

ငလျင်ဟာ ဆူမားထရားကျွန်းအနီး ရေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်္ဂါနေ့နှောင်းပိုင်းမှာ လှုပ်သွားတာလို့ အမေရိကန် ဘူမီဗေဒ တိုင်းထွာရေးဌာနကလည်း သတင်းထုတ်ပြန်ပါတယ်။

အခုလို ငလျင်လှုပ်သွားတဲ့အတွက် ဆူမားထရားပြည်နယ်အနီး Medan ပြည်နယ်အတွင်းမှာ ပြုလုပ်နေတဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံတက်နေကြတဲ့ အရာရှိတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်စေခဲ့ပါတယ်။
XS
SM
MD
LG