သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမြေပြို လူရာကျော်ပျောက်ဆုံး


အင်ဒိုနီးရှား မြေပြိုမှုမြင်ကွင်း။
အင်ဒိုနီးရှား မြေပြိုမှုမြင်ကွင်း။

အင်ဒိုးနီးရှားနိုင်ငံက မြေပြိုမှုမှာ သေဆုံးခဲ့တဲ့လူအရေအတွက်ဟာ ပိုပြီးတော့ တိုးများလာနေပါတယ်။ အင်ဒိုးနီးရှားနိုင်ငံရဲ့ အဓိက ကျွန်းကြီးဖြစ်တဲ့ Java ကျွန်းမှာ ဖြစ်ပွားတဲ့ မြေပြိုမှုအတွင်း အနည်းဆုံးလူ ၁၈ ဦး သေဆုံးပြီး လူပေါင်း ၉၀ ကျော် ပျောက်ဆုံးနေတယ်လို့ အေပီ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

သောကြာနေ့နှောင်းပိုင်းမှာ ဖြစ်ပွားတဲ့ မြေပြိုမှုဟာ Java ခရိုင်အလယ်ပိုင်း Jemblung ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ ပြိုကျလာတဲ့ ရွှံ့မြေတွေဟာ အိမ်ပေါင်း ၁၀၀ ကျော်ကို တိုက်စားသွားခဲ့ပါတယ်။

အမျိုးသား ဘေးဒုက္ခအန္တရာယ်ကူညီစောင့်ရှောက်ရေး အေဂျင်စီရဲ့အဆိုအရ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဟာ ဂေါ်ပြားတွေ၊ တူရွင်းတွေနဲ့ လက်ကို အသုံးပြုပြီး ပျောက်ဆုံးနေတဲ့ လူပေါင်းတရာကျော်ကို ရှာဖွေဖို့ ကြိုးပမ်းနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မိုးရာသီ စတင်နေပြီဖြစ်ပြီး တောင်ကျရေတွေကြောင့် ရေကြီး၊ မြေပြိုတာတွေ အမြဲဖြစ်လေ့ ဖြစ်ထရှိပါတယ်။

XS
SM
MD
LG