သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် မဏိပူရပြည်နယ် လူမျိုးရေးအဓိကရုဏ်း လူ ၇၀ သေဆုံး


India Clashes
India Clashes

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူမျိုးစု ၂ ခုကြား ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေကြောင့် လူ ၇၁ ဦးမက သေဆုံးခဲ့ရပြီလို့ ပြည်နယ်လုံခြုံရေးအကြံပေးက ပြောပါတယ်။ လူအများစုဖြစ်တဲ့ ကလည်းတွေကို စီးပွားရေးအကျိုးအမြတ်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေပဲရတဲ့ တချို့ ပညာရေး၊ ကျန်းမာရေး၊ စတဲ့ အခွင့်အရေးတွေပေးမယ့် အစိုးရအစီအစဉ်ကို တောင်ပေါ်တိုင်းရင်းသားမျိုးနွယ်စု ၃၀ လောက်က ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

မဏိပူရပြည်နယ်၊ ကန်းချွပ် ချင်းခေါင်ရွာမှာ ဆန္ဒပြသူတွေ မီးတွေရှို့ အိမ်တွေဖျက်ဆီး လုပ်ခဲ့ကြလို့ ရွာကလူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးကြရပါတယ်။ အိမ်တွေပြန်ပြီး ပစ္စည်းယူသူတချို့ကို စစ်သွေးကြွတွေ တိုက်ခိုက်လို့ တချို့ပြန်လွတ်မြောက်လာပေမဲ့ လူ ၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ မဏိပူရပြည်နယ် အစိုးရရဲ့ လုံခြုံရေးအကြံပေး ကူလ်ဒိ(ပ်) ဆင်း Kuldiep Singh က ပြောပါတယ်။

တောင်ကြားမှာ အဓိကနေထိုင်တဲ့ မဏိပူရီခေါ်၊ ကသည်းလူမျိုးတွေနဲ့ ဒေသခံတောင်ပေါ်သား ကူကီး လူမျိုးစုတွေအကြားမှာ မေလအစပိုင်းမှာ အဓိကရုဏ်းတွေ စတင်ဖြစ်ပွားခဲ့တာပါ။ မဏိပူရပြည်နယ်မှာ နေထိုင်သူတွေထဲ လူဦးရေအများဆုံးဖြစ်တဲ့ ကသည်းလူမျိုးတွေကို တောင်ပေါ်တိုင်းရင်းသားအဖြစ် သတ်မှတ်ရေး အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် တောင်ပေါ်နေ လူမျိုးစုတွေက မကျေနပ်လို့ ဆန္ဒပြပြီးအပြန် သူတို့ကို ကသည်းတွေက လမ်းက တိုက်ခိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG