သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း မီးရှုးမီးပန်း ကုန်လှောင်ရုံပေါက်ကွဲမှု အနည်းဆုံး ၁၀ ဦးသေ


THAILAND-FIREWORK-ACCIDENT
THAILAND-FIREWORK-ACCIDENT

ထိုင်းနိုင်ငံတောင်ပိုင်း Sungai Kolok (စန်ဂိုင် ကိုလော့ခ်) မြို့မှာ လိုင်စင်မဲ့ မီးရှူးမီးပန်း ဂိုဒေါင်တခုအတွင်း ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အခုဆိုရင် ၁၀ ဦးအထိ အတည်ပြုနိုင်ကြောင်း ဒေသခံတာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ လုပ်ငန်းပိုင်ရှင်ကိုတော့ ပေါ့ဆမှုနဲ့ တရားစွဲ ထားကြောင်း ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

စနေနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မီးရှူးမီးပန်းတွေကို တရားမဝင် သိုလှောင်ထားတဲ့ အဆောက်အအုံမှာ ဆောက်လုပ်ရေးငန်းခွင်ကနေ ဂဟေဆော်မှုကြောင့် ဖြစ်ခဲ့တယ်လို့ ခန့်မှန်းနေကြပါတယ်။ ပြင်းထန်လှတဲ့ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး နေအိမ်တွေရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ကောက်ကွေးနေတဲ့ သတ္တုတန်းတွေ၊ အပျက်အစီးအပိုင်းအစတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေ ရှင်းလင်းခဲ့ကြပါတယ်။

သေဆုံးသွားသူတွေထဲက ၁၀ ဦးဟာ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ခဲ့ပြီး၊ နောက်ထပ် အလောင်းနှစ်လောင်းရဲ့ အစိတ်ပိုင်းတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ နာရသီဝပ်ပြည်နယ် အုပ်ချုပ်ရေးမှူး Sanan Pongaksorn က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ အဆောက်အအုံ အတွင်း ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လိုင်စင်မဲ့ သိမ်းဆည်းထားတဲ့ မီးရှူးမီးပန်းတွေကြောင့်လို့ ယူဆကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

XS
SM
MD
LG