သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္သံ႐ုံး ဒုအႀကီးအကဲ စစ္အာဏာသိမ္းမႈေၾကာင့္က်ဆုံးသူေတြကို ဂုဏ္ျပဳ


ျမန္မာႏိုင္ငံကို အသစ္ေရာက္ရွိလာတဲ့ သံရံုးဒုတိယအႀကီးအကဲ Deb Lynn

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံကို အသစ္ေရာက္ရွိလာတဲ့ သံရံုးဒုတိယအႀကီးအကဲ Deb Lynn ဟာ ျမန္မာႏိုင္ငံတြင္း စစ္အာဏာ သိမ္းမႈေနာက္ပိုင္း ဆႏၵျပမႈေတြအေပၚ အၾကမ္းဖက္ပစ္ခတ္ႏွိမ္နင္းမႈေတြေၾကာင့္ ေသဆံုးခဲ့ၾကရသူေတြကို ဂုဏ္ျပဳမႈတရပ္ ျပဳလုပ္ခဲ့ပါတယ္။ စစ္အာဏာသိမ္းမႈေၾကာင့္ အသက္ဆံုးရံႈးခဲ့ၾကရသူေတြကို ဂုဏ္ျပဳထားတဲ့ အေမရိကန္သံရံုးအတြင္း က်ဆံုးသူမ်ားအမွတ္တရအထိမ္းအမွတ္ေနရာမွာ အခုလို ဂုဏ္ျပဳမႈလုပ္ခဲ့တာလို႔ ရန္ကုန္ အေမရိကန္သံရံုး facebook စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

အဲဒီ အမွတ္တရအထိမ္းအမွတ္ေနရာမွာ ယေန႔အထိဆိုရင္ ေက်ာက္တံုးေပါင္း ၁၃၀၀ ေက်ာ္ရွိထားၿပီး၊ ေက်ာက္တံုးတတံုးစီဟာ က်ဆံုးခဲ့ရသူ တဦးခ်င္းကို ကိုယ္စားျပဳပါတယ္လို႔လည္း သံရံုးစာမ်က္ႏွာမွာ ေဖာ္ျပပါရွိပါတယ္။ ျမန္မာႏိ္ုင္ငံမွာရွိတဲ့ အေမရိကန္သံရံုးဟာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္အာဏာသိမ္းမႈကိုဆန္႔က်င္ေရးတာနဲ႔ ဒီမိုကေရစီေရးလိုလားသူေတြကိုေထာက္ခံေၾကာင္း မၾကာခဏ ေဖာ္ျပေလ့ရွိပါတယ္။ ျမန္မာႏိုင္ငံအတြင္း

အဲဒီ အမွတ္တရအထိမ္းအမွတ္ေနရာမွာ ယေန႔အထိဆိုရင္ ေက်ာက္တံုးေပါင္း ၁၃၀၀ ေက်ာ္ရွိထားၿပီး၊ ေက်ာက္တံုးတတံုးစီဟာ က်ဆံုးခဲ့ရသူ တဦးခ်င္းကို ကိုယ္စားျပဳပါတယ္လို႔လည္း သံရံုးစာမ်က္ႏွာမွာ ေဖာ္ျပပါရွိပါတယ္။


အင္တာနက္ျဖတ္ေတာက္မႈေတြ၊ သတင္းမီဒီယာသမားေတြကို ဖမ္းဆီးကန္႔သတ္မႈေတြနဲ႔ ပတ္သက္လို႔လည္း ျမန္မာႏိ္ုင္ငံဆိုင္ရာအေမရိကန္သံရံုး ေဖ့ဘုတ္စာမ်က္ႏွာကေန မၾကာမၾကာ ေထာက္ျပေဝဖန္ေလ့ရွိပါတယ္။

စစ္တပ္က အၾကမ္းဖက္ပစ္ခတ္လို႔ေသဆံုးခဲ့တဲ့ Network အင္ဂ်င္နီယာ ကိုညီညီေအာက္ထက္ႏိုင္ကို ဂါရဝျပဳတဲ့အေနနဲ႔ သူ ေသဆံုးခဲ့တဲ့ ရန္ကုန္ ကမာရြက္ အထက္တန္းေက်ာင္းေရွ႕ကို သံအမတ္ႀကီး Thomas Vajda က ဒီႏွစ္ မတ္လကုန္ပိုင္းမွာလည္း သြားေရာက္ လြမ္းသူပန္းျခင္းခ်ခဲ့ပါေသးတယ္။ အာဏာသိမ္း ျမန္မာစစ္ေကာင္စီကေတာ့ ရန္ကုန္အေျခစိုက္ ႏိုင္ငံျခားသံရံုးတခ်ိဳ႕က ျမန္မာ့အေရးကို ဝင္ေရာက္စြက္ဖက္တာေတြရွိတယ္ဆိုၿပီး သတိေပးခ်က္ ထုတ္ျပန္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

{{Zawgyi/Unicode}}

အမေရိကန်သံရုံး ဒုအကြီးအကဲ စစ်အာဏာသိမ်းမှုကြောင့်ကျဆုံးသူတွေကို ဂုဏ်ပြု

မြန်မာနိုင်ငံကို အသစ်ရောက်ရှိလာတဲ့ သံရုံးဒုတိယအကြီးအကဲ Deb Lynn ဟာ မြန်မာနိုင်ငံတွင်း စစ်အာဏာ သိမ်းမှုနောက်ပိုင်း ဆန္ဒပြမှုတွေအပေါ် အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးခဲ့ကြရသူတွေကို ဂုဏ်ပြုမှုတရပ် ပြုလုပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသူတွေကို ဂုဏ်ပြုထားတဲ့ အမေရိကန်သံရုံးအတွင်း ကျဆုံးသူများအမှတ်တရအထိမ်းအမှတ်နေရာမှာ အခုလို ဂုဏ်ပြုမှုလုပ်ခဲ့တာလို့ ရန်ကုန် အမေရိကန်သံရုံး facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီ အမှတ်တရအထိမ်းအမှတ်နေရာမှာ ယနေ့အထိဆိုရင် ကျောက်တုံးပေါင်း ၁၃၀၀ ကျော်ရှိထားပြီး၊ ကျောက်တုံးတတုံးစီဟာ ကျဆုံးခဲ့ရသူ တဦးချင်းကို ကိုယ်စားပြုပါတယ်လို့လည်း သံရုံးစာမျက်နှာမှာ ဖော်ပြပါရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရေးတာနဲ့ ဒီမိုက

အဲဒီ အမှတ်တရအထိမ်းအမှတ်နေရာမှာ ယနေ့အထိဆိုရင် ကျောက်တုံးပေါင်း ၁၃၀၀ ကျော်ရှိထားပြီး၊ ကျောက်တုံးတတုံးစီဟာ ကျဆုံးခဲ့ရသူ တဦးချင်းကို ကိုယ်စားပြုပါတယ်လို့လည်း သံရုံးစာမျက်နှာမှာ ဖော်ပြပါရှိပါတယ်။


ရေစီရေးလိုလားသူတွေကိုထောက်ခံကြောင်း မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း အင်တာနက်ဖြတ်တောက်မှုတွေ၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးကန့်သတ်မှုတွေနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး ဖေ့ဘုတ်စာမျက်နှာကနေ မကြာမကြာ ထောက်ပြဝေဖန်လေ့ရှိပါတယ်။

စစ်တပ်က အကြမ်းဖက်ပစ်ခတ်လို့သေဆုံးခဲ့တဲ့ Network အင်ဂျင်နီယာ ကိုညီညီအောက်ထက်နိုင်ကို ဂါရဝပြုတဲ့အနေနဲ့ သူ သေဆုံးခဲ့တဲ့ ရန်ကုန် ကမာရွက် အထက်တန်းကျောင်းရှေ့ကို သံအမတ်ကြီး Thomas Vajda က ဒီနှစ် မတ်လကုန်ပိုင်းမှာလည်း သွားရောက် လွမ်းသူပန်းခြင်းချခဲ့ပါသေးတယ်။ အာဏာသိမ်း မြန်မာစစ်ကောင်စီကတော့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတချို့က မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်တာတွေရှိတယ်ဆိုပြီး သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

#MyanmarMilitaryCoup #MyanmarUS #VOABurmese

#ညီညီအောင်ထက်နိုင်#အမေရိကန်သံရုံး#စစ်အာဏာသိမ်း#DebLynn

XS
SM
MD
LG