သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုၿမိဳ႕ ထူးလြီဘီလာေက်း႐ြာတြင္းတိုက္ပြဲျဖစ္ပြား ေနအိမ္တခ်ိဳ႕မီးရႈိ႕ဖ်က္ဆီးခံရ


ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕ထူးလြီဘီလာေက်းရြာ ေနအိမ္တခ်ဳိ႕ မီး႐ိႈ႕ခံရတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၃၊ ၂၀၂၁။ ဓာတ္ပံု KNDF)

{{Zawgyi/Unicode}}

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ထူးလြီဘီလာေက်း႐ြာအတြင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲျဖစ္ပြားေနပါတယ္။ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ေက်း႐ြာကေနအိမ္ ၇ လုံး ထက္မနည္း မီးရႈိ႕ ဖ်က္ဆီးခံရပါတယ္။ ေဒသတြင္း တိုက္ပြဲေတြေၾကာင့္လည္း ေဒသခံေတြ လြတ္ရာကို တိမ္းေရွာင္ေနၾကရပါ တယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ဒီကေန႔ ဒီဇင္ဘာ ၃ ရက္ ညေန ၃ နာရီေလာက္မွာ ဒီးေမာ့ဆိုၿမိဳ႕နယ္ ထူးလြီဘီလာေက်း႐ြာအတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔တို႔ၾကား တိုက္ပြဲေတြျဖစ္ပြားေနတယ္လို႔ ဒီးေမာ့ဆိုက ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႔ဝင္တဦးက VOA ကို ေျပာပါတယ္။

ဒီလိုတိုက္ပြဲျဖစ္ပြာၿပီးတဲ့ေနာက္မွာ ထူးလြီဘီလာေက်း႐ြာက ေနအိမ္ ၇ လုံးထက္မနည္း မီးရႈိ႕ဖ်က္ဆီးခံခဲ့ရတယ္လို႔ အခုလို ေျပာပါတယ္။

“ခန႔္မွန္းေျခ ၆ လုံး၊ ၇ လုံးဝန္းက်င္ေလာက္ရွိတယ္၊ စစ္သားကရႈိ႕တာ။ တိုက္ပြဲျဖစ္ၿပီး မီးရႈိ႕သြားတာပါ။ စစ္သားေတြက။ ထူးလြီဘီလာမွာပဲေလ ႐ြာထဲမွာပဲ။ ႐ြာထဲမွာ ေနရာယူထားတာ သူတို႔က အရင္ဦးသြားတာေပါ့၊ က်ေနာ္တို႔က ကင္းေထာက္ဖို႔သြားတာ။ အဲ့ဒီမွာ ဒီအတိုင္းပဲသြားတာ။ သူတို႔က ေခ်ာင္းပစ္တာ။ လက္နက္ႀကီးအစ တေယာက္ေတာ့ ရတယ္။ က်ေနာ္တို႔ဘက္က မပစ္ရဘူး၊ ၄၊ ၅ ခ်က္ပဲ ပစ္ရတယ္။ သူတို႔က လက္နက္ႀကီးနဲ႔ လက္နက္ငယ္နဲ႔ ပစ္တာ။”

စစ္ေကာင္စီတပ္ေတြက ထူးလြီဘီလာေက်း႐ြာအတြင္းမွာ ဝင္ေရာက္ေနရာယူထားၿပီး ေနအိမ္ေတြကို ေမႊေႏွာက္၊ မီးရႈိ႕ဖ်က္ဆီးသြားတယ္လို႔ ေဒသခံကာကြယ္ဘက္က ေျပာေပမယ့္ VOA က သီးျခား အတည္ျပဳလို႔မရေသးပါဘူး။ စစ္ေကာင္စီဘက္ကလည္း ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။

ဒီးေမာ့ဆိုၿမိဳ႕နယ္ဟာ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ေဒသတခုျဖစ္တာေၾကာင့္ ေက်း႐ြာေတာ္ေတာ္မ်ားမ်ားက ေဒသခံေတြ အိုးပစ္အိမ္ပစ္ ေဘးလြတ္ရာမွာ ေရွာင္တိမ္းေနၾကတာလို႔ ဒီးေမာ့ဆို ေဒသခံတဦးက ေျပာပါတယ္။

“ေဒသခံေတြကေတာ့ ႀကိဳတင္ေရွာင္ထားၾကတယ္၊ ျပန္လာရင္လည္း အလုပ္ ဥပမာရိတ္သိမ္းဖို႔ရွိလို႔ နည္းနည္းပါးပါး ျပန္လာၾကည့္တဲ့လူေလာက္ပဲရွိမယ္မွာေပါ့ေနာ္၊ ဟိုဒီဘက္ျခမ္းတေက်ာကေတာ့၊ အဲ့ဒီထူးလြီဘီလာ႐ြာက အဲ့ဒီ တိုက္ပြဲေတြ စျဖစ္ကတည္းေပါ့၊ ဒီတိုက္ပြဲစျဖစ္ကတည္းကေရွာင္တယ္၊ ေနာက္ၿပီးေတာ့ ခဏေလးျပန္လာၾကတယ္၊ ျပန္ပစ္တယ္၊ ျပန္ေရွာင္လိုက္ အဲ့လိုမ်ိဳးပဲ သူတို႔ကေတာ့ အခုေနာက္ပိုင္းက လုံးဝျပန္လာလို႔မရေတာ့ဘူးေပါ့။”

ေနာက္ထပ္ ေဒသခံတဦးကေတာ့ စစ္တပ္ေတြက ႐ြာထဲကို မၾကာခဏဝင္ေရာက္ေမႊေႏွာက္သလို လက္နက္ႀကီးေတြလည္း အၿမဲတမ္းက်ေရာက္ေနတာမို႔ ထြက္ေျပးေနရတာလို႔ ေျပာပါတယ္။

“႐ြာထဲဆို စစ္သား၊ စစ္တပ္ေတြ ခဏခဏဝင္လာတယ္ေလ။ အဲ့ေၾကာင့္႐ြာကလူေတြက ႐ြာထဲမျပန္ရဲၾကဘူး၊ လက္နက္ႀကီးက ႐ြာထဲက်ေနတယ္၊ တိုက္ပြဲအေျခအေနနဲ႔ေျပး၊ ဒီေနာက္ပိုင္းခါက်ေတာ့ ႐ြာကလူေတြလည္းဝင္ဖမ္းတယ္ အဲ့လိုမ်ိဳးလည္းရွိတယ္။”

အာဏာသိမ္း စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲျဖစ္ေနတဲ့ ကယားျပည္နယ္ လြိဳင္ေကာ္ကေန ဒီးေမာ့ဆိုၿမိဳ႕၊ ေဒါသမႀကီးၿမိဳ႕တို႔ကိုျဖတ္ၿပီးေဘာလခဲအထိေပါက္တဲ့ လမ္းမႀကီးကို ဒီဇင္ဘာ ၃ရက္ ေန႔ကစၿပီး ရက္ အကန႔္အသတ္မရွိ ပိတ္ဆို႔ထားတယ္လို႔လည္း ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF က ေဒသခံေတြကို သတိေပးထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

ဒီးမော့ဆိုမြို့ ထူးလွီဘီလာကျေးရွာတွင်းတိုက်ပွဲဖြစ်ပွား နေအိမ်တချို့မီးရှို့ဖျက်ဆီးခံရ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထူးလွီဘီလာကျေးရွာအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ကျေးရွာကနေအိမ် ၇ လုံး ထက်မနည်း မီးရှို့ ဖျက်ဆီးခံရပါတယ်။ ဒေသတွင်း တိုက်ပွဲတွေကြောင့်လည်း ဒေသခံတွေ လွတ်ရာကို တိမ်းရှောင်နေကြရပါ တယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃ ရက် ညနေ ၃ နာရီလောက်မှာ ဒီးမော့ဆိုမြို့နယ် ထူးလွီဘီလာကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒီးမော့ဆိုက ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွာပြီးတဲ့နောက်မှာ ထူးလွီဘီလာကျေးရွာက နေအိမ် ၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အခုလို ပြောပါတယ်။

“ခန့်မှန်းခြေ ၆ လုံး၊ ၇ လုံးဝန်းကျင်လောက်ရှိတယ်၊ စစ်သားကရှို့တာ။ တိုက်ပွဲဖြစ်ပြီး မီးရှို့သွားတာပါ။ စစ်သားတွေက။ ထူးလွီဘီလာမှာပဲလေ ရွာထဲမှာပဲ။ ရွာထဲမှာ နေရာယူထားတာ သူတို့က အရင်ဦးသွားတာပေါ့၊ ကျနော်တို့က ကင်းထောက်ဖို့သွားတာ။ အဲ့ဒီမှာ ဒီအတိုင်းပဲသွားတာ။ သူတို့က ချောင်းပစ်တာ။ လက်နက်ကြီးအစ တယောက်တော့ ရတယ်။ ကျနော်တို့ဘက်က မပစ်ရဘူး၊ ၄၊ ၅ ချက်ပဲ ပစ်ရတယ်။ သူတို့က လက်နက်ကြီးနဲ့ လက်နက်ငယ်နဲ့ ပစ်တာ။”

စစ်ကောင်စီတပ်တွေက ထူးလွီဘီလာကျေးရွာအတွင်းမှာ ဝင်ရောက်နေရာယူထားပြီး နေအိမ်တွေကို မွှေနှောက်၊ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံကာကွယ်ဘက်က ပြောပေမယ့် VOA က သီးခြား အတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ဒီးမော့ဆိုမြို့နယ်ဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်တာကြောင့် ကျေးရွာတော်တော်များများက ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာမှာ ရှောင်တိမ်းနေကြတာလို့ ဒီးမော့ဆို ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံတွေကတော့ ကြိုတင်ရှောင်ထားကြတယ်၊ ပြန်လာရင်လည်း အလုပ် ဥပမာရိတ်သိမ်းဖို့ရှိလို့ နည်းနည်းပါးပါး ပြန်လာကြည့်တဲ့လူလောက်ပဲရှိမယ်မှာပေါ့နော်၊ ဟိုဒီဘက်ခြမ်းတကျောကတော့၊ အဲ့ဒီထူးလွီဘီလာရွာက အဲ့ဒီ တိုက်ပွဲတွေ စဖြစ်ကတည်းပေါ့၊ ဒီတိုက်ပွဲစဖြစ်ကတည်းကရှောင်တယ်၊ နောက်ပြီးတော့ ခဏလေးပြန်လာကြတယ်၊ ပြန်ပစ်တယ်၊ ပြန်ရှောင်လိုက် အဲ့လိုမျိုးပဲ သူတို့ကတော့ အခုနောက်ပိုင်းက လုံးဝပြန်လာလို့မရတော့ဘူးပေါ့။”

နောက်ထပ် ဒေသခံတဦးကတော့ စစ်တပ်တွေက ရွာထဲကို မကြာခဏဝင်ရောက်မွှေနှောက်သလို လက်နက်ကြီးတွေလည်း အမြဲတမ်းကျရောက်နေတာမို့ ထွက်ပြေးနေရတာလို့ ပြောပါတယ်။

“ရွာထဲဆို စစ်သား၊ စစ်တပ်တွေ ခဏခဏဝင်လာတယ်လေ။ အဲ့ကြောင့်ရွာကလူတွေက ရွာထဲမပြန်ရဲကြဘူး၊ လက်နက်ကြီးက ရွာထဲကျနေတယ်၊ တိုက်ပွဲအခြေအနေနဲ့ပြေး၊ ဒီနောက်ပိုင်းခါကျတော့ ရွာကလူတွေလည်းဝင်ဖမ်းတယ် အဲ့လိုမျိုးလည်းရှိတယ်။”

အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ကယားပြည်နယ် လွိုင်ကော်ကနေ ဒီးမော့ဆိုမြို့၊ ဒေါသမကြီးမြို့တို့ကိုဖြတ်ပြီးဘောလခဲအထိပေါက်တဲ့ လမ်းမကြီးကို ဒီဇင်ဘာ ၃ရက် နေ့ကစပြီး ရက် အကန့်အသတ်မရှိ ပိတ်ဆို့ထားတယ်လို့လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒေသခံတွေကို သတိပေးထုတ်ပြန်ထားပါတယ်။

#MyanmarViolence #KayahFighting #Demosoe #VOABurmese

#ကယားဒီးမော့ဆို#ထူးလွီဘီလာ#ရွာမီးရှို့#လက်နက်ကြီးကျ

XS
SM
MD
LG