သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုၿမိဳ႕ေပၚ PDF နဲ႔ စစ္ေကာင္စီ အျပန္အလွန္ပစ္ခတ္


ဒီးေမာ့ဆို စစ္ေဘးဒုကၡသည္စခန္းက ေဒသခံအခ်ဳိ႕။ ယခင္ပံုေဟာင္း။ (ဓာတ္ပုံ - ကရင္နီလူငယ္အဖြဲ႔)

{{{Zawgyi/Unicode}}}

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕ေပၚမွာ မေန႔က ျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စီအၾကား အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ KNDF က VOA ကိုေျပာပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕ခံေတြ အေစာပိုင္းကတည္းက တိမ္းေရွာင္ေနတဲ့ေနရာမွာ တိုက္ပြဲျဖစ္ေနေပမယ့္ ေဒသခံေတြေတာ့ အထိအခိုက္ မရွိခဲ့ပါဘူး။ ဒီအေၾကာင္းရန္ကုန္ကေပးပို႔ထားတဲ့သတင္း နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ႏိုဝင္ဘာ ၁ ရက္ မနက္အေစာပိုင္းကစလို႔ ဒီးေမာ့ဆိုၿမိဳ႕က လူေနအိမ္ေတြရွိရာဘက္ စစ္တပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြလုပ္ခဲ့ၿပီး ညေန ၄ နာရီေလာက္မွာေတာ့ ဒီးေမာ့ဆိုၿမိဳ႕ ထူလြီး ဘီလာရပ္ကြက္မွာ KA နဲ႔ KNDF တပ္ရင္း ၁၉ ပူးေပါင္းအဖြဲ႔နဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ KNDF ျပန္ၾကားေရးတာဝန္ခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“သူတို႔ေတြ ရမ္းသမ္းၿပီးေတာ့ လက္နက္ႀကီးထုတာေတာ့ မနက္အေစာႀကီးကတည္းက။ သူတို႔စၿပီး ထုတယ္ေပ့ါေလး။ သူတို႔နဲ႔ထိေတြ႔ၿပီးေတာ့မွ ပစ္ခတ္မႈလုပ္တာ ညေနပိုင္း ၄ နာရီေလာက္မွာေပါ့ေလး။ တနာရီ တနာရီေက်ာ္ေလာက္ေပါ့၊ ထိေတြ႔တိုက္ခိုက္မႈျဖစ္ပြားခဲ့တာေပါ့။ အဲ့ဒီထူလြီးဘီလာ မွာ ဟုတ္၊ သူတို႔ေတြက တပ္ထဲကေနၿမိဳ႕ေပၚကို လႈပ္ရွားလာတယ္။ လူေနအိမ္ရပ္ကြက္ေတြမွာ ဝင္ေနတာတို႔၊ ၿပီးေတာ့ အိမ္ေတြမွာ ေဖာက္တာတို႔၊ ပစၥည္းေတြ ဘာေတြ ယူသြားတာတို႔ရွိတာေပါ့ေလး။ ဆိုေတာ့ အဲ့ဒီထူလြီးဘီလာေရာက္တဲ့အခ်ိန္မွာ က်ေနာ္တို႔ KNDF ၊ KA နဲ႔ ေပါင္းၿပီးေတာ့မွ သူတို႔ကို ျပန္ၿပီးေတာ့မွ ပစ္တာေပ့ါေလး။”

ဒီတိုက္ခိုက္မႈအတြင္း ျပည္သူ႔ကာကြယ္ေရးဘက္က တဦးထိခိုက္ဒဏ္ရာရရွိၿပီး စစ္ေကာင္စီဘက္ က ၈ ဦး ေသဆုံးခဲ့တယ္လို႔ ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ VOA က သီးျခားအတည္မျပဳႏိုင္ပါဘူး။ စက္တင္ဘာ ၇ ရက္ေန႔ကစလို႔ ဒီးေမာ့ဆိုၿမိဳ႕ေပၚကို စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြလုပ္ခဲ့ခ်ိန္ကတည္းက တၿမိဳ႕လုံးနီးပါး အိုးအိမ္စြန႔္ခြာ ေဘးထြက္ရာကို တိမ္းေရွာင္ေနၾကရတာျဖစ္ပါတယ္။

ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ စစ္ေကာင္စီက ေန႔တိုင္းလိုလို လူေနရပ္ကြက္ ေက်း႐ြာဘက္ကို လက္နက္ႀကီးေတြနဲ႔ ေတာက္ေလ ွ်ာက္ပစ္ခတ္မႈေတြလုပ္ေနၿပီး ျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စီအၾကား တရက္ျခားတခါ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ စစ္ေဘးဒုကၡသည္ အကူအညီေပးသူတဦးက ေျပာပါတယ္။

“ဟိုစစ္တပ္ထဲကေန အဲ့လို လက္နက္ႀကီးလွမ္းထုတာ ဒီေန႔တိုင္းလိုလိုျဖစ္ေနတယ္၊ ဒီႏွစ္ဘက္တိုက္ပြဲျဖစ္တာေတာ့ အဲ့လို တရက္ျခားတခါ၊ ႏွစ္ရက္ျခားတခါ။ ဒါေတာ့ ပုံမွန္ျဖစ္ေနက်ပဲ၊ အဲ့လိုမ်ိဳးပဲ တခ်ိဳ႕႐ြာေတြက တိုက္ပြဲၿငိမ္တဲ့အခ်ိန္ဆိုရင္ ျပန္လာတယ္။ ျပန္ျဖစ္လို႔ရွိရင္ ျပန္ေျပးသြားတယ္၊ အဲ့လိုမ်ိဳးေပါ့၊ တကယ္ၿမိဳ႕ေပၚမွာဆိုလို႔ရွိရင္ေတာ့ စစ္ေကာင္စီတပ္စြဲထားတဲ့ အနီးအနားမွာဆိုလို႔ရွိရင္ ဘယ္သူမွျပန္လာမေနရဲဘူး။ တိုက္ပြဲမျဖစ္ရင္ေတာင္မွ ဟို… မျပန္လာရဲဘူးေလး။ ဘာလို႔လဲဆိုေတာ့ အခုၿမိဳ႕ေပၚရပ္ကြက္တိုင္းလိုလိုက မိုင္းေတြေထာင္ထားတာေတြ ရွိတယ္။ ေအာ္ စစ္ေကာင္စီပဲ ေထာင္ထားတာေပါ့။ ဘယ္သူေထာင္ရမွာလဲ။ သူတို႔ပဲရွိတာ။ အဲ့ဒီနားမွာ
သူတို႔ပဲရွိတယ္ေလး။”

ဒီးေမာ့ဆိုၿမိဳ႕ေပၚနဲ႔ ေက်း႐ြာေနအိမ္ေတြဘက္မွာ စစ္ေကာင္စီက ေျမျမႇဳပ္မိုင္းေတြ ေထာင္ထားခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ဒါေၾကာင့္တိုက္ပြဲအေျခအေနၿငိမ္ေနေပမယ့္လည္း ေဒသခံေတြ ေနရပ္ျပန္မလာရဲဘူးလို႔ ေျပာပါတယ္။ စားနပ္ရိကၡာျပန္လာသယ္ရင္း မိုင္နင္းမိလို႔ ေျခလက္ပ်က္စီးသြားသူ ႏွစ္ဦးထက္မနည္း ရွိေနပါတယ္။ ေဘးလြတ္ရာ ထြက္ေျပးခိုလႈံေနၾကတဲ့ ဒီးေမာ့ဆိုၿမိဳ႕ခံတခ်ိဳ႕ ၿမိဳ႕ထဲျပန္ၿပီး အစားအေသာက္နဲ႔ လိုအပ္တဲ့ပစၥည္းေတြ ျပန္ယူၾကသူတခ်ိဳ႕ အသတ္ခံရတာေတြလည္းရွိပါတယ္။ ေအာက္တိုဘာ ၃၁ ရက္ေန႔တုန္းက ဒီးေမာ့ဆိုၿမိဳ႕ နယ္ ငူးပေလာ့ေက်း႐ြာမွာ အစားအေသာက္ပစၥည္းေတြ ျပန္လာယူတဲ့ အရပ္သားျပည္သူႏွစ္ဦးကိုစစ္ေကာင္စီလက္ခ်က္နဲ႔ ေသဆုံးခဲ့တယ္လို႔အဲ့ဒီ ဘာသာေရးဆရာေတာ္က VOA ကို ေျပာပါတယ္။ စစ္ေဘး ဒုကၡသည္ေတြ မလုံၿခဳံတဲ့ ဘဝေရာက္ေနတာကို ခုလိုေျပာျပပါတယ္။

“ေတြ႔ၿပီးေတာ့ တခါတည္း အဲ့လို ေသနတ္နဲ႔ အပစ္ခံရတယ္။ ဆိုင္ကယ္ေပၚကေနေပါ့ေနာ္ ႐ုပ္ပ်က္ဆင္းပ်က္က်ၿပီးေသတယ္။ ေနာက္ အေနာက္လိုက္လာတဲ့ (သူ) ေတြ႔တဲ့အခါမွာ ျပန္ၿပီးေတာ့မွ အျမန္ျပန္ေရွာင္တဲ့အခါမွာ လြတ္သြားတယ္။ သူတို႔လည္း တအား လန႔္ဖ်ပ္ကုန္တာေပါ့ေနာ္၊ ဆိုေတာ့ က်ေနာ္တို႔မွာ တကယ္ျပည္သူေတြ မလုံၿခဳံေတာ့ဘူး၊ ေနာက္ ကိုယ့္ကိုယ္ျပန္ၿပီးေတာ့ ရိကၡာေလး အဝတ္ေလး ျပန္ယူတာကိုး အသက္နဲ႔ရင္းရတယ္ဆိုတာ တကယ္ပဲ ဟို… ေဖာ္ျပမတတ္တဲ့ ရင္ထဲကေပါ့ေနာ္ ေျပာစရာစကားလုံးကို မရွိေတာ့ေလာက္ေအာင္ ခံစားေနရပါတယ္။”

ခုလိုကယားျပည္နယ္ဘက္မွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြနဲ႔ အေျခအေနေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီကို ဗီြအိုေအက အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမဲ့ ျပန္လည္ေျဖဆိုျခင္း မရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


==========

{{{Unicode}}}

ဒီးမော့ဆိုမြို့ပေါ် PDF နဲ့ စစ်ကောင်စီ အပြန်အလှန်ပစ်ခတ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့ပေါ်မှာ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ KNDF က VOA ကိုပြောပါတယ်။ ဒီးမော့ဆိုမြို့ခံတွေ အစောပိုင်းကတည်းက တိမ်းရှောင်နေတဲ့နေရာမှာ တိုက်ပွဲဖြစ်နေပေမယ့် ဒေသခံတွေတော့ အထိအခိုက် မရှိခဲ့ပါဘူး။ ဒီအကြောင်းရန်ကုန်ကပေးပို့ထားတဲ့သတင်း နန်းလောဝ်က တင်ပြပေးထားပါတယ်။
နိုဝင်ဘာ ၁ ရက် မနက်အစောပိုင်းကစလို့ ဒီးမော့ဆိုမြို့က လူနေအိမ်တွေရှိရာဘက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ညနေ ၄ နာရီလောက်မှာတော့ ဒီးမော့ဆိုမြို့ ထူလွီး ဘီလာရပ်ကွက်မှာ KA နဲ့ KNDF တပ်ရင်း ၁၉ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“သူတို့တွေ ရမ်းသမ်းပြီးတော့ လက်နက်ကြီးထုတာတော့ မနက်အစောကြီးကတည်းက။ သူတို့စပြီး ထုတယ်ပေ့ါလေး။ သူတို့နဲ့ထိတွေ့ပြီးတော့မှ ပစ်ခတ်မှုလုပ်တာ ညနေပိုင်း ၄ နာရီလောက်မှာပေါ့လေး။ တနာရီ တနာရီကျော်လောက်ပေါ့၊ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပေါ့။ အဲ့ဒီထူလွီးဘီလာ မှာ ဟုတ်၊ သူတို့တွေက တပ်ထဲကနေမြို့ပေါ်ကို လှုပ်ရှားလာတယ်။ လူနေအိမ်ရပ်ကွက်တွေမှာ ဝင်နေတာတို့၊ ပြီးတော့ အိမ်တွေမှာ ဖောက်တာတို့၊ ပစ္စည်းတွေ ဘာတွေ ယူသွားတာတို့ရှိတာပေါ့လေး။ ဆိုတော့ အဲ့ဒီထူလွီးဘီလာရောက်တဲ့အချိန်မှာ ကျနော်တို့ KNDF ၊ KA နဲ့ ပေါင်းပြီးတော့မှ သူတို့ကို ပြန်ပြီးတော့မှ ပစ်တာပေ့ါလေး။”

ဒီတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးဘက်က တဦးထိခိုက်ဒဏ်ရာရရှိပြီး စစ်ကောင်စီဘက် က ၈ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ VOA က သီးခြားအတည်မပြုနိုင်ပါဘူး။ စက်တင်ဘာ ၇ ရက်နေ့ကစလို့ ဒီးမော့ဆိုမြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့ချိန်ကတည်းက တမြို့လုံးနီးပါး အိုးအိမ်စွန့်ခွာ ဘေးထွက်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီက နေ့တိုင်းလိုလို လူနေရပ်ကွက် ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လေ ျှာက်ပစ်ခတ်မှုတွေလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား တရက်ခြားတခါ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးသူတဦးက ပြောပါတယ်။

“ဟိုစစ်တပ်ထဲကနေ အဲ့လို လက်နက်ကြီးလှမ်းထုတာ ဒီနေ့တိုင်းလိုလိုဖြစ်နေတယ်၊ ဒီနှစ်ဘက်တိုက်ပွဲဖြစ်တာတော့ အဲ့လို တရက်ခြားတခါ၊ နှစ်ရက်ခြားတခါ။ ဒါတော့ ပုံမှန်ဖြစ်နေကျပဲ၊ အဲ့လိုမျိုးပဲ တချို့ရွာတွေက တိုက်ပွဲငြိမ်တဲ့အချိန်ဆိုရင် ပြန်လာတယ်။ ပြန်ဖြစ်လို့ရှိရင် ပြန်ပြေးသွားတယ်၊ အဲ့လိုမျိုးပေါ့၊ တကယ်မြို့ပေါ်မှာဆိုလို့ရှိရင်တော့ စစ်ကောင်စီတပ်စွဲထားတဲ့ အနီးအနားမှာဆိုလို့ရှိရင် ဘယ်သူမှပြန်လာမနေရဲဘူး။ တိုက်ပွဲမဖြစ်ရင်တောင်မှ ဟို… မပြန်လာရဲဘူးလေး။ ဘာလို့လဲဆိုတော့ အခုမြို့ပေါ်ရပ်ကွက်တိုင်းလိုလိုက မိုင်းတွေထောင်ထားတာတွေ ရှိတယ်။ အော် စစ်ကောင်စီပဲ ထောင်ထားတာပေါ့။ ဘယ်သူထောင်ရမှာလဲ။ သူတို့ပဲရှိတာ။ အဲ့ဒီနားမှာ
သူတို့ပဲရှိတယ်လေး။”

ဒီးမော့ဆိုမြို့ပေါ်နဲ့ ကျေးရွာနေအိမ်တွေဘက်မှာ စစ်ကောင်စီက မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် တိုက်ပွဲအခြေအနေငြိမ်နေပေမယ့်လည်း ဒေသခံတွေ နေရပ်ပြန်မလာရဲဘူးလို့ ပြောပါတယ်။ စားနပ်ရိက္ခာပြန်လာသယ်ရင်း မိုင်နင်းမိလို့ ခြေလက်ပျက်စီးသွားသူ နှစ်ဦးထက်မနည်း ရှိနေပါတယ်။ ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြတဲ့ ဒီးမော့ဆိုမြို့ခံတချို့ မြို့ထဲပြန်ပြီး အစားအသောက်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူကြသူတချို့ အသတ်ခံရတာတွေလည်းရှိပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့တုန်းက ဒီးမော့ဆိုမြို့ နယ် ငူးပလော့ကျေးရွာမှာ အစားအသောက်ပစ္စည်းတွေ ပြန်လာယူတဲ့ အရပ်သားပြည်သူနှစ်ဦးကို စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ အဲ့ဒီ ဘာသာရေးဆရာတော်က VOA ကို ပြောပါတယ်။ စစ်ဘေး ဒုက္ခသည်တွေ မလုံခြုံတဲ့ ဘဝရောက်နေတာကို ခုလိုပြောပြပါတယ်။

“တွေ့ပြီးတော့ တခါတည်း အဲ့လို သေနတ်နဲ့ အပစ်ခံရတယ်။ ဆိုင်ကယ်ပေါ်ကနေပေါ့နော် ရုပ်ပျက်ဆင်းပျက်ကျပြီးသေတယ်။ နောက် အနောက်လိုက်လာတဲ့ (သူ) တွေ့တဲ့အခါမှာ ပြန်ပြီးတော့မှ အမြန်ပြန်ရှောင်တဲ့အခါမှာ လွတ်သွားတယ်။ သူတို့လည်း တအား လန့်ဖျပ်ကုန်တာပေါ့နော်၊ ဆိုတော့ ကျနော်တို့မှာ တကယ်ပြည်သူတွေ မလုံခြုံတော့ဘူး၊ နောက် ကိုယ့်ကိုယ်ပြန်ပြီးတော့ ရိက္ခာလေး အဝတ်လေး ပြန်ယူတာကိုး အသက်နဲ့ရင်းရတယ်ဆိုတာ တကယ်ပဲ ဟို… ဖော်ပြမတတ်တဲ့ ရင်ထဲကပေါ့နော် ပြောစရာစကားလုံးကို မရှိတော့လောက်အောင် ခံစားနေရပါတယ်။”

ခုလိုကယားပြည်နယ်ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

#Demosoe #KayahFighting #MyanmarViolence #VOABurmese

XS
SM
MD
LG