သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့တရားေရးအင္စတီက်ဴးရွင္မ်ားအသက္ဝင္ေသးလား


ျမန္မာ့တရားေရးအင္စတီက်ဴးရွင္မ်ားအသက္ဝင္ေသးလား
please wait

No media source currently available

0:00 0:12:09 0:00

ျမန္မာ ႏိုင္ငံ ရဲ႕ တရားေရးဆိုင္ရာ အင္စတီက်ဴးရွင္းေတြ ဒါမွမဟုတ္ က်င့္ထုံးေတြ ပ်က္ျပားသြားပါၿပီလား။ ေသနတ္ က ဥပေဒ ျဖစ္ေနၿပီလား။ ဒီ အပတ္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး နဲ႔ ေခတ္ၿပိဳင္ ကမာၻ အစီအစဥ္ မွာ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ တရားေရး ဝန္ႀကီး ဦးသိန္းဦး နဲ႔ ဦးတင္ေမာင္သန္း က ေဆြးေႏြးတင္ျပထားပါတယ္။

(zawgyi/unicode)

ျမန္မာ ႏိုင္ငံ ရဲ႕ တရားေရးဆိုင္ရာ အင္စတီက်ဴးရွင္းေတြ ဒါမွမဟုတ္ က်င့္ထုံးေတြ ပ်က္ျပားသြားပါၿပီလား။ ေသနတ္ က ဥပေဒ ျဖစ္ေနၿပီလား။ ဒီ အပတ္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး နဲ႔ ေခတ္ၿပိဳင္ ကမာၻ အစီအစဥ္ မွာ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ တရားေရး ဝန္ႀကီး ဦးသိန္းဦး နဲ႔ ဦးတင္ေမာင္သန္း က ေဆြးေႏြးတင္ျပထားပါတယ္။

အက်ဥ္းခ်ဳပ္

တရားေရး အင္စတီက်ဴးရွင္းေတြ ကို ထိန္းသိမ္းရာမွာ တာဝန္ရွိတဲ့ စစ္ေကာင္စီ ဟာ တရားေရး မ႑ိဳင္ ကို ဖ်က္ဆီးလိုက္ၿပီ ျဖစ္တယ္လို႔ ဦးသိန္းဦး က ျမင္ပါတယ္။ တရားဥပေဒ စိုးမိုးေရး ကို တည္တံ့ခိုင္ၿမဲေအာင္ ထိန္းသိမ္းႏိုင္တဲ့ အဖြဲ႕အစည္း မရွိေတာ့ဘူးဆိုရင္ ႀကီးႏိုင္ငယ္ညႇင္း ဒါမွမဟုတ္ မင္းမဲ့ဝါဒ ဝင္လာပါတယ္။ ဒီလို အေျခအေန မွာ အဖိႏွိပ္ခံရသူ ဘယ္သူမဆို ကိုယ့္နည္းကိုယ့္ဟန္ နဲ႔ တရားမွ်တမႈ ကို ရွာေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ ကို အျပစ္မေျပာသင့္ဘူး လို႔ ဦးသိန္းဦး က ျမင္ပါတယ္။ အလုပ္ခံရသူေတြ က ေတာ္လွန္ၾကမွာလည္း ျဖစ္ပါတယ္။ တရားခံ က စစ္ေကာင္စီသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီ အေျခအေန မွာ အာဆီယန္ ဟာ သေဘာတူညီခ်က္ ၅ ရပ္ နဲ႔ သြားလို႔ မျဖစ္ေတာ့ဘူး လို႔ ဦးသိန္းဦး က ျမင္ပါတယ္။ ေတြ႕ဆုံေဆြးေႏြးေရး က အလုပ္မျဖစ္ႏိုင္ေတာ့ဘူး လို႔ သူ က သုံးသပ္ပါတယ္။ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီး အဆိုျပဳတဲ့ အဆုံးသတ္ လုပ္ငန္းစဥ္ မူေဘာင္ မွာ အကူးအေျပာင္းဆိုင္ရာ တရားမွ်တေရး မူေတြ ကို ထည့္ရမယ္လို႔လည္း အႀကံျပဳသြားပါတယ္။ ႏိုင္ငံတကာ ဟာ နံပတ္ ၁ စစ္ေကာင္စီ​ကို အသိအမွတ္ မျပဳေတာ့ဘဲ၊ နံပတ္ ၂ အမ်ိဳးသား ၫြတ္ေရး အစိုးရ ကို အသိအမွတ္ျပဳ အကူးအေျပာင္းဆိုင္ရာ လုပ္ငန္းေတြအတြက္ ကူညီ တဲ့ မူဝါဒ ကို ခ်မွတ္သင့္တယ္လို႔လည္း ဦးသိန္းဦး က ေဆြးေႏြးသြားပါတယ္။

(unicode)

မြန်မာ နိုင်ငံ ရဲ့ တရားရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ ဒါမှမဟုတ် ကျင့်ထုံးတွေ ပျက်ပြားသွားပါပြီလား။ သေနတ် က ဥပဒေ ဖြစ်နေပြီလား။ ဒီ အပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဥ် မှာ အမျိုးသား ညီညွတ်ရေး အစိုးရ တရားရေး ဝန်ကြီး ဦးသိန်းဦး နဲ့ ဦးတင်မောင်သန်း က ဆွေးနွေးတင်ပြထားပါတယ်။

အကျဥ်းချုပ်

တရားရေး အင်စတီကျူးရှင်းတွေ ကို ထိန်းသိမ်းရာမှာ တာဝန်ရှိတဲ့ စစ်ကောင်စီ ဟာ တရားရေး မဏ္ဍိုင် ကို ဖျက်ဆီးလိုက်ပြီ ဖြစ်တယ်လို့ ဦးသိန်းဦး က မြင်ပါတယ်။ တရားဥပဒေ စိုးမိုးရေး ကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းနိုင်တဲ့ အဖွဲ့အစည်း မရှိတော့ဘူးဆိုရင် ကြီးနိုင်ငယ်ညှင်း ဒါမှမဟုတ် မင်းမဲ့ဝါဒ ဝင်လာပါတယ်။ ဒီလို အခြေအနေ မှာ အဖိနှိပ်ခံရသူ ဘယ်သူမဆို ကိုယ့်နည်းကိုယ့်ဟန် နဲ့ တရားမျှတမှု ကို ရှာတော့မှာ ဖြစ်ပါတယ်။ သူတို့ ကို အပြစ်မပြောသင့်ဘူး လို့ ဦးသိန်းဦး က မြင်ပါတယ်။ အလုပ်ခံရသူတွေ က တော်လှန်ကြမှာလည်း ဖြစ်ပါတယ်။ တရားခံ က စစ်ကောင်စီသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ အခြေအနေ မှာ အာဆီယန် ဟာ သဘောတူညီချက် ၅ ရပ် နဲ့ သွားလို့ မဖြစ်တော့ဘူး လို့ ဦးသိန်းဦး က မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး က အလုပ်မဖြစ်နိုင်တော့ဘူး လို့ သူ က သုံးသပ်ပါတယ်။ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အဆိုပြုတဲ့ အဆုံးသတ် လုပ်ငန်းစဥ် မူဘောင် မှာ အကူးအပြောင်းဆိုင်ရာ တရားမျှတရေး မူတွေ ကို ထည့်ရမယ်လို့လည်း အကြံပြုသွားပါတယ်။ နိုင်ငံတကာ ဟာ နံပတ် ၁ စစ်ကောင်စီ​ကို အသိအမှတ် မပြုတော့ဘဲ၊ နံပတ် ၂ အမျိုးသား ညွတ်ရေး အစိုးရ ကို အသိအမှတ်ပြု အကူးအပြောင်းဆိုင်ရာ လုပ်ငန်းတွေအတွက် ကူညီ တဲ့ မူဝါဒ ကို ချမှတ်သင့်တယ်လို့လည်း ဦးသိန်းဦး က ဆွေးနွေးသွားပါတယ်။

XS
SM
MD
LG