သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီ ညီလာခံစတင်


ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအမည်အဆိုတင်သွင်းတဲ့ ညီလာခံမှာ သမ္မတကတော် မီရှဲလ် အိုဘားမား မိန့်ခွန်းပြောကြားစဉ်။ (၀၉-၀၄-၂၀၁၂။)
ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအမည်အဆိုတင်သွင်းတဲ့ ညီလာခံမှာ သမ္မတကတော် မီရှဲလ် အိုဘားမား မိန့်ခွန်းပြောကြားစဉ်။ (၀၉-၀၄-၂၀၁၂။)
အမေရိကန် ဒီမိုကရက်တစ်ပါတီက သမ္မတ အိုဘားမားကို သူတို့ပါတီရဲ့ ဒီနှစ်သမ္မတရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် အမည် စာရင်းတင်သွင်းမယ့် ဒီမိုကရက်တစ်ပါတီညီလာခံဖွင့်ပွဲ အင်္ဂါနေ့မှာ သမ္မတကတော် မီရဲှလ် အိုဘားမားက မိန့်ခွန်းပြောမှာ ဖြစ်ပါ တယ်။

မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့တ်မြို့မှာကျင်းပမယ့် သုံးရက်ကြာ ပါတီညီလာခံဖွင့်ပွဲညမှာ မစ္စစ်အိုဘားမားဟာ အဓိက မိန့်ခွန်းပြောမယ့်သူတဦးဖြစ်ပါတယ်။ သမ္မတအိမ်ဖြူတော်မှာ အိုဘားမား မိသားစုရဲ့ ကန့်လန့်ကာနောက်ကွယ်က ဘဝကို မစ္စစ် အိုဘားမားက ပုံဖော်ပြောဆိုလိမ့်မယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် သမ္မတရဲ့ အစောပိုင်း နောက်ခံ အကြောင်းတွေ၊ သူ့ဆွေမျိုး သားချင်းတွေရဲ့ အလုပ်အကိုင်ပိုင်းဆိုင်ရာ အခက်အခဲတွေက သမ္မတအဖြစ် သူ့ရဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ မူဝါဒတွေကို ဘယ်လို ကူညီပုံဖော်ခဲ့တယ်ဆိုတာကို ပြန်ပြောဖို့ စီစဉ်ထားပါတယ်။

ဒီမိုကရက်တစ်ပါတီမှာ ထွန်းတောက်လာနေတဲ့ ကြယ်တပွင့်ဖြစ်တဲ့ တက္ကဆက်စ်ပြည်နယ် အနောက်တောင်ပိုင်း ဆန် အန်တိုနီယို မြို့တော်ဝန် ဟူလီအဲန်၊ ကက်စ်ထရို (Julian Catro) က ပါတီညီလာခံရဲ့ အဓိကမိန့်ခွန်းကို ပြောမှာဖြစ်ပါတယ်။

ပါတီညီလာခံမှာ ဗုဒ္ဓဟူးနေ့ညကျရင် မိန့်ခွန်းပြောကြမယ့်သူတွေထဲမှာတော့ သမ္မတဟောင်း ဘီလ် ကလင်တန်လည်း ပါဝင်ပြီး မစ္စတာအိုဘားမားကို ပါတီရဲ့ သမ္မတလောင်းအဖြစ် မစ္စတာကလင်တန်က တရားဝင် အမည်စာရင်း တင်သွင်းမှာဖြစ်ပါတယ်။
XS
SM
MD
LG